News

POST TYPE

ALSO IN NEWS

စားသောက်ဆိုင် မီးဖိုချောင်ထဲ ဝက်ဝံကြီးဝင်လာ
02-Aug-2018


ဝက်ဝံမည်းကြီးတစ်ကောင် စားသောက်ဆိုင် မီးဖိုခန်းနောက်ဖေးတံခါးက ဝင်လာတာကို အမေရိကန် ပြည်ထောင်စု နီဗားဒါးပြည်နယ်က စားသောက်ဆိုင် ဝန်ထမ်းတစ်ဦးက ဗီဒီယိုရိုက်ကူးဖော်ပြခဲ့ပါတယ်။ Gus' Open Pit အသားကင်စားသောက်ဆိုင်ရဲ့ နောက်ဖေးတံခါးကနေ အဆိုပါဝက်ဝံကြီးက ဝင်လာတာကို ဗီဒီယိုထဲမှာ ဖော်ပြထားပါတယ်။ မီးဖိုခန်းလုပ်သားတွေက ဝက်ဝံကြီးဆီကိုဝိုင်းအော်ပြီး လက်ခုပ်တွေတီး ခြောက်လွှတ်ကြပါတယ်။ ဝိုင်းဝန်းဟစ်အော်ကြတဲ့အသံတွေကြောင့် ဝက်ဝံကြီးခမျာ တံခါးဝမှာ ခေတ္တခဏ ရပ်တန့်သွားခဲ့ရပါတယ်။ စားသောက်ဆိုင်လုပ်သားတစ်ဦးက ပန်းကန်နဲ့ကောက်ပေါက်လိုက်မှ ထွက်သွားတာ ဖြစ်ပါတယ်။ ပန်းကန်ကွဲသွားတဲ့အသံကြောင့် ဝက်ဝံကြီးလန့်သွားတာ ဖြစ်ပုံရပါတယ်။ သူ့ခမျာ ဆာလို့များ ရောက်လာတာလားမသိဘူးနော်။

F-02