News

POST TYPE

ALSO IN NEWS

အိမ်ခြေမဲ့တစ်ဦး ပိုက်ဆံတောင်းရမယ့်အစား ဆိုင်းဘုတ်ထောင်ပြီးအလုပ်ရှာ
30-Jul-2018

Web Developer တစ်ဦးဖြစ်သူ ဒေးဗစ်ကာဆာရက်ဇ်ဟာ အိမ်ခြေမဲ့သွားပြီး လမ်းဘေးရောက်သွားပေမယ့်ဘဝကို အရှုံးမပေးလိုက်ပါဘူး။ အလုပ်လက်မဲ့ဖြစ်ပါကြောင်း၊ အောင်မြင်လိုပါကြောင်း ပြောပြီးတော့ ဆိုင်းဘုတ်ကိုင်ပြီး လမ်းဘေးမှာ အလုပ်ရှာနေခဲ့ပါတယ်။ ဆီလီကွန်တောင်ကြားခေါ် နည်းပညာကုမ္ပဏီများ အခြေစိုက်ရာနေရာ လမ်းဘေးမှာ သူကမတ်တတ်ရပ်နေပြီး သူ့ရဲ့ကိုယ်ရေးအချက်အလက်ပါ CV များကို ပေးနေတာဖြစ်ပါတယ်။ “အိမ်ခြေမဲ့ပါ။ အောင်မြင်ချင်ပါတယ်။ ကျွန်တော့်ကိုယ်ရေး အလုပ်လျှောက်လွှာလေး ယူသွားကြပါ”ဆိုတဲ့ဆိုင်းဘုတ်နဲ့ သပ်သပ်ရပ်ရပ် ဝတ်စားပြီး အလုပ်တောင်းနေတာ ဖြစ်ပါတယ်။ ခုဆိုရင် သူ့ဆီကို အလုပ်ကမ်းလှမ်းစာ များစွာ ရောက်ရှိလာနေပြီဖြစ်ပါတယ်။ အိမ်ခြေမဲ့ အမျိုးသားဟာ ပိုက်ဆံမတောင်းဘဲနဲ့ သူ့ရဲ့အလုပ်လျှောက်လွှာကိုပဲ ယူသွားပေးဖို့ တောင်းဆိုတာကို လေးစားမိတယ်လို့ Twitter အသုံးပြုသူတစ်ဦးက ဆိုထားပါတယ်။

F-02