News

POST TYPE

ALSO IN NEWS

ကိုလံဘီယာမူးယစ်ရဲခွေးကိုလုပ်ကြံဖို့ ဘိန်းဘုရင်တွေကြံစည်
29-Jul-2018 tagged as


ဆွန်ဘရာလို့ နာမည်ရတဲ့ ၆ နှစ်သမီးအရွယ် ကိုလံဘီယာရဲခွေးတစ်ကောင်ဟာ မူးယစ်ဆေးဝါးအနံ့ခံရာမှာ အလွန်ထူးချွန်ပြီး ကိုကင်းကီလိုပေါင်း၂၀၀၀ကျော်ကို ဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။ ခရီးဆောင်အိတ်တွေ၊ လှေတွေ၊ သစ်သီးတင် သင်္ဘောတွေနဲ့ သယ်လာတဲ့ မူးယစ်ဆေးဝါးတွေကို ဆွန်ဘရာက ထူးချွန်စွာ ဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။ ဂျာမန်သိုးထိန်းခွေးအမျိုးအစား ဆွန်ဘရာဟာ မူးယစ်ဆေးဝါး အများဆုံးဖမ်းမိအောင် တာဝန်ထမ်းဆောင်ထားတဲ့ရဲခွေးဖြစ်ပါတယ်။ ဒါကြောင့်လည်း ကိုလံဘီယာ မူးယစ်ရာဇာကြီးတွေက သူ့ကိုပစ်မှတ်ထားလာကြပါတယ်။ ကိုယ်ပိုင်စစ်တပ်ပမာ လက်နက်ကိုင်တွေရှိတဲ့ ကိုလံဘီယာမူးယစ်ဂိုဏ်း ဂက်ဖ်ကလန်ဟာ ဆွန်ဘရာကိုသတ်နိုင်ရင် ဒေါ်လာခုနစ်ထောင်ချီးမြှင့်မယ်လို့ ထုတ်ပြန်ထားပါတယ်။ ဆွန်ဘရာဟာ စပိန်ဘာသာစကားဖြစ်ပြီး အဓိပ္ပာယ်ကတော့ အရိပ်လို့ အမည်ရပါတယ်။ ရဲတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဆွန်ဘရာဟာဘိုဂိုတာ အယ်ဒိုရာဒို အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ မူးယစ်ဆေးဝါး အနံ့ခံနေတာ ဖြစ်ပါတယ်။ တာဝန်ထမ်းဆောင်ပြီးတဲ့အခါတိုင်း ဆွန်ဘရာကို လက်နက်ကိုင် လုံခြုံရေး အစောင့်အရှောက်နဲ့ ပြန်လည် ခေါ်ဆောင်ရပါတယ်။ လုပ်ကြံချင်သူ လူမသမာတွေကလည်း ရှိတာကိုး။

F-02

  • TAGS