News

POST TYPE

ALSO IN NEWS

ဂျာမန်ဘီယာလုပ်ငန်းများ ဘီယာပုလင်းခွံ ပြတ်လပ်မှုနဲ့ကြုံ
26-Jul-2018


ဥရောပမှာ အပူချိန်မြင့်တက်နေတာမို့ ဘီယာပုလင်း အေးအေးလေး သောက်သုံးကြသူတွေ များပြားနေပြီးတော့ ဂျာမနီက ဘီယာလုပ်ငန်းတွေမှာ ပုလင်းခွံတွေ မလည်ပတ်မှုနဲ့ ကြုံနေရပါသတဲ့။ ဂျာမနီအနောက်ပိုင်းက ဘိုချန်မြို့အခြေစိုက် ဖီဂီဘီယာကုမ္ပဏီမှာ အဆိုပါပြဿနာ ကြုံနေရပါတယ်။ ရာသီဥတုကလည်း ပူကမ္ဘာ့ဖလား ဘောလုံးပွဲရာသီလည်း ဖြစ်နေတာမို့ ဘီယာသောက်သုံးမှု မြင့်တက်လာတာကြောင့် အလျင်မီအောင် ပုလင်းထည့်ဖို့ ကြိုးစားနေရတာဖြစ်ပါတယ်။ ဘီယာကုမ္ပဏီအနေနဲ့ Facebook ပေါ်ကနေ ဖောက်သည်တွေကို အကူအညီတောင်းပြီး ပုလင်းတွေ လာပြန်ရောင်းပေးဖို့ ပြောနေရပါတယ်။ သောက်ပြီးသား ဘီယာပုလင်းခွံတွေကို ပြန်အပ်မယ်ဆိုရင် ၈ ဆင့်ကနေ ၁၅ ဆင့်အထိ ဂျာမနီမှာ ပြန်ပေးပါတယ်။ ဒါပေမဲ့ လူတွေက ပြန်လာမအပ်ဘဲ အမှိုက်ပုန်းထဲပဲ ပစ်ကြတာမို့ ဘီယာကုမ္ပဏီက ယူလာပေးကြပါလို့ မေတ္တာရပ်ခံထားတာပါ။ သူတို့မှာ ပုလင်းတွေ လိုနေပြီလေ။

F-02