News

POST TYPE

ALSO IN NEWS

အင်္ဂလန်က ကမ္ဘာ့ခရုအပြေးပြိုင်ပွဲ
26-Jul-2018 tagged as


ပြိုင်ပွဲတွင် တာလွှတ်သူက မတ်တပ်ရပ်ပြီး ဟစ်အော်လိုက်ပါတယ်။ “အားလုံးအဆင်သင့်၊ စမယ်၊ ရွေ့ပေတော့”တဲ့။ ပရိသတ်က ဝေးကနဲ ဟစ်အော်အားပေးကြတယ်။ ဒါပေမဲ့ အပြေးသမားတွေကတော့ တာလွှတ်စည်းကိုတောင် မကျော်ကြသေးပါဘူး။ ကမ္ဘာ့ခရုအပြေးပြိုင်ပွဲ ချန်ပီယံရှစ်ပါ။ ဗြိတိန်နိုင်ငံအင်္ဂလန် နယ်အရှေ့ပိုင်း နော်ဖို့ဒ်ဒေသမှာ နှစ်စဉ်ပြုလုပ်တဲ့အဆိုပါပွဲကို ခရုပေါင်း ၁၅၀ လောက် ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။ ၁၃ လက်မအရှည်ရှိတဲ့ ပြေးလမ်းကြောင်းအတိုင်း ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။

“ကျွန်တော်တို့က ဒါကို အလေးအနက်ထားပြီး လာပြိုင်ကြတာဖြစ်ပါတယ်”ဟု ခရုအပြေးပြိုင်ပွဲတွင် ပါဝင်သူ ဂျွန်မက်ကလင်းက ပြောကြားပါတယ်။ ကိုယ့်ခရုများကို သေသေချာချာ လေ့ကျင့်ပေးထားကြပြီး အာဟာရကို သေသေချာချာ ကျွေးကာ ယှဉ်ပြိုင်ကြတာဖြစ်ပါသတဲ့။ ၁၉၆၀ ကတည်းက ပြုလုပ်နေတဲ့ အဆိုပါပြိုင်ပွဲမှာ တစ်ခါပြီးဖို့ကို မိနစ်ပေါင်း များစွာကြာပါတယ်။ ပြိုင်ပွဲဝင်တွေဟာ ပွဲရောက်မှ ခရုရွေးနိုင်သလို၊ ကိုယ့်ခရုနဲ့ကိုယ်လည်း လာပြိုင်နိုင်ပါတယ်။

F-02

  • TAGS