News

POST TYPE

ALSO IN NEWS

ကယ်ဆယ်ရေးခွေးကလေးကို ဂုဏ်ပြုကြေးရုပ်တုပေး
25-Jul-2018 tagged as


မက္ကဆီကိုစီးတီးမှာ ပြီးခဲ့တဲ့ ၂၀၁၇ စက်တင်ဘာက ပြင်းအား ၇ ဒသမ ၁ အဆင့်ရှိတဲ့ မြေငလျင်ကြီး လှုပ်ခဲ့ပါတယ်။ ဖရီဒါလို့အမည်ရတဲ့ ခွေးကလေးဟာ အပျက်အစီးပုံတွေကြားထဲကနေ ပိမိနေတဲ့လူတွေကို လိုက်လံရှာဖွေပေးခဲ့တဲ့ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ အဆိုပါခွေးမလေးဟာ လူ ၁၂ ယောက်ရဲ့အသက်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ယခုအခါ ခွေးမလေးနဲ့ သူမကိုဦးဆောင်သူ ကယ်ဆယ်ရေးအဖွဲ့ဝင် အစ္စရေးအော်ရက်ဇ်ဆိုသူကိုဂုဏ်ပြုပြီး ကြေးရုပ်တုပေးခဲ့ပါတယ်။ အသက်ရှစ်နှစ်အရွယ်ရှိ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်ခွေးမလေးဟာ သူ့ဂုဏ်ပြုအရုပ်ရှိရာကို ကိုယ်တိုင် လာရောက်လည်ပတ်ခဲ့ပါတယ်။ ခွေးမလေးဟာ သူ့ပုံတူအရုပ်ကို ကြိုက်နှစ်သက်ပုံရတယ်လို့ သတင်းတွေက ရေးသားဖော်ပြထားပါတယ်။ အပျက်အစီးပုံအောက်မှာ ပိတ်မိနေတဲ့ အသက်ရှင် ကျန်ရစ်သူတွေကို ရှာဖွေရာမှာတော့ ကယ်ဆယ်ရေး အနံ့ခံခွေးတွေဟာ အလွန်အသုံးဝင်လေ့ရှိပါတယ်။

F-02

  • TAGS