News

POST TYPE

ALSO IN NEWS

စားသောက်ဆိုင်ထဲမှာ မီးဖွားတဲ့ကလေး ရာသက်ပန်စားသောက်ခွင့် ဆိုင်ကချီးမြှင့်
24-Jul-2018


အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်က အမြန်စာ စားသောက်ဆိုင် ရေအိမ်ထဲမှာ ကလေးမီးဖွားခဲ့ရာ ဆိုင်ကကလေးကို ရာသက်ပန် လာရောက် စားသောက်ခွင့် ပေးခဲ့ပါသတဲ့။ Chick-fil-A လို့ အမည်ရတဲ့ အဆိုပါ ပေါင်မုန့်ကြက်သားညှပ် အမြန်စာ စားသောက်ဆိုင်တွဲကြီးရဲ့ ပိုင်ရှင် ဘန်စတူဗာက အခြားဆုလာဘ်များလည်း ကလေးကို ပေးခဲ့ပါတယ်။ ကလေးမလေးရဲ့ ပထမဆုံး မွေးနေ့ကိုလည်း ဆိုင်မှာလုပ်ဖို့ စီစဉ်ပေးထားပြီး အသက် ၁၆ နှစ်ကျရင်လည်း အချိန်မရွေး လာရောက် အလုပ်လုပ်နိုင်တယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။ ကလေးရဲ့မွေးစာရင်းမှာ သူမွေးဖွားရာနေရာကို စားသောက်ဆိုင် နာမည်ကို ထည့်ထားပေးပါတယ်။ ဂရေ့စ်လင်းလို့ အမည်ပေးထားတဲ့ ကောင်မလေးရဲ့ မိဘများဟာ ဆေးရုံကိုအသွားမှာ ရေအိမ် အသုံးပြုချင်လို့ စားသောက်ဆိုင်ကို အကူအညီတောင်းရင်း အိမ်သာဝင်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆေးရုံ မရောက်လိုက်ဘဲ အိမ်သာမှာပဲ မွေးခဲ့တာဖြစ်ပါတယ်။ အရေးပေါ် အကူအညီပေးရေး ဆေးလုပ်သားတွေ စားသောက်ဆိုင်ကို ရောက်လာကြပြီး အကူအညီပေးကာ ဆေးရုံတင်ပေးခဲ့ကြပါတယ်။