News

POST TYPE

ALSO IN NEWS

နယူးယောက် မြေအောက်ရထားကို တွယ်စီးသတဲ့
10-Jul-2018 tagged as

မြေအောက်ထဲတ ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့ သွားနေတဲ့ ရထားကြီးကို အပြင်က တွယ်စီးရမယ်ဆိုတာ လွယ်တော့ မလွယ်တဲ့အလုပ်ပါ။ နယူးယောက်မြို့တော် မြေအောက်ရထားထဲမှာ စွန့်စားတဲ့သူ တစ်ယောက်ဟာ ရထားကိုအပြင်ကနေ တွယ်စီးခဲ့ပါတယ်။ မတ်ဘယ်ရာရီဆိုတဲ့သူက Instagram မှာ ဗီဒီယိုတင်ခဲ့ပြီးတော့ အထဲမှာ အမျိုးသားတစ်ဦးဟာ မြေအောက်ထဲက ရထားကြီးကို ဘေးကနေတွယ်ပြီး လိုက်လာနေပါတယ်။ တွယ်စီးနေတဲ့ ကိုမျောက်ရှုံးဟာ နောက်ဘူတာတစ်ခုအရောက်မှာ ခုန်ဆင်းသွားခဲ့ပါတယ်။ ကျွန်တော့်ဘေးက အမျိုးသမီးတစ်ယောက်ဆို လန့်သွားပြီး စကားတောင် မပြောနိုင်ဘူးလို့ ဘယ်ရာရီက ပြောကြားပါတယ်။ အဆိုပါ လုပ်ရပ်လုပ်ခဲ့သူ အမျိုးသားကို နယူးယောက်ရဲတပ်ဖွဲ့က အရေးယူဖို့ စုံစမ်းလျက်ရှိပါတယ်။

F-02





  • TAGS