News

POST TYPE

ALSO IN NEWS

အဆိပ်ခတ်ထားတဲ့စာအုပ်တွေ တက္ကသိုလ် စာကြည့်တိုက်မှာတွေ့
09-Jul-2018


၁၆ ရာစုကနေ ၁၇ ရာစုကြားအတွင်း ထွက်ရှိခဲ့တဲ့ ရှားပါးစာအုပ် ၃ အုပ်မှာ လူသေစေနိုင်တဲ့အဆိပ်များ သုတ်လိမ်းထားတာကို သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ပါတယ်။ ထိုအကြောင်းကို ယခင်က ရုပ်ရှင်ရှိခဲ့ပေမယ့် တကယ်တမ်း အပြင်မှာ ခုလိုအဖြစ်မျိုး ရှိလိမ့်မယ်လို့တော့ မထင်ခဲ့ကြပါဘူး။ ၁၄ ရာစုတုန်းက အီတလီဘုန်းကြီး ကျောင်းတစ်ခုမှာ လျှို့ဝှက်တဲ့ စာတမ်းတွေပါတဲ့ စာမျက်နှာတွေကို အဆိပ်နဲ့ သုတ်ထားတာကို ထိုဇာတ်ကားမှာ ပါခဲ့ပါတယ်။ ခုလည်း ဒိန်းမတ်နိုင်ငံတောင်ပိုင်းက တက္ကသိုလ်မှာတွေ့ရတဲ့ ရှေးဟောင်းစာအုပ်ကို ဓာတ်မှန်နဲ့ စစ်ဆေးကြည့်ရာမှာ အာဆင်းနစ်အဆိပ် ပမာဏများစွာ ပါနေတာကို တွေ့လိုက်ရပါသတဲ့။ လက်တင်ဘာသာစကားတွေ အသုံးပြုထားတဲ့ စာအုပ်ဖြစ်ပြီး ဖတ်ရခက်ခဲတဲ့ အစိမ်းရောင် သုတ်ထားတဲ့စာမျက်နှာတွေ ရှိနေပါတယ်။ အဆိုပါစာမျက်နှာတွေကို စစ်ဆေးကြည့်ရာမှာတော့ ကမ္ဘာပေါ်မှာ အပြင်းဆုံး အဆိပ်တစ်မျိုးဖြစ်တဲ့ အာဆင်းနစ်ကို တွေ့ခဲ့ရပါသတဲ့။

F-02