News

POST TYPE

ALSO IN NEWS

အမည်မဖော်လိုသူတစ်ဦးက ဒေါ်လာတစ်သန်းဖိုး အရုပ်ဝယ်ကာ မရှိဆင်းရဲသားကလေးများကိုလက်ဆောင်ပေး
06-Jul-2018

အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနားဒေသက အရုပ်ဆိုင် တစ်ဆိုင်ကနေ အမည်မဖော်လိုသူတစ်ဦးဟာ ဒေါ်လာတစ်သန်းဖိုး အရုပ်တွေ ဝယ်ယူသွားပြီး ကလေးများကို လှူဒါန်းပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့ တစ်ရက်လုံးလုံး ဆိုင်ဝန်ထမ်းတွေဟာ ဆိုင်က အရုပ်တွေအကုန်လုံးကို ထုပ်ပိုးနေခဲ့ရပါသတဲ့။

အမည်မဖော်လိုသူ ဝယ်ယူအားပေးသူအတွက် အရုပ်လိုသလောက်ရအောင် အခြားနေရာဆိုင်က အရုပ်တွေကိုတောင် သွားယူပြခဲ့ရပါသေးသတဲ့။ 

အရုပ်တွေကို ဘယ်ကိုလှူသလဲဆိုတာကိုတော့ မသိရသေးပါဘူး။ ဆိုင်ကိုပိတ်ပြီး အရုပ်တွေထုပ်ပိုးခဲ့ရတာမို့ ပိတ်ရက်မတိုင်ခင် လျှော့ဈေးလိုချင်တဲ့ ဈေးဝယ်သူတွေတောင် လှည့်ပြန်ခဲ့ရပါသတဲ့။

အရုပ်တွေကို လှူမှာဖြစ်တဲ့အတွက် မရောင်းတာဖြစ်တာကြောင့် ဖောက်သည်တွေက စိတ်တော့ မဆိုးကြပါဘူးတဲ့။  

F-02