News

POST TYPE

ALSO IN NEWS

ဓာတ်ကြိုးပေါ်က မီးလောင်ပြီး ကျလာတဲ့ငှက်ကြောင့် လယ်တွေမီးလောင်
05-Jul-2018 tagged as


လျှပ်စစ်ဓာတ်ကြိုးပေါ်တွင် နားမိတဲ့ ငှက်တစ်ကောင်ဟာ မီးစွဲလောင်ပြီး အောက်ပြုတ်ကျခဲ့ရာကနေ လယ်မြေမြက်ခြောက်တောကြီးပါ မီးစွဲတဲ့ဖြစ်စဉ် ဂျာမနီမြောက်ပိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်။

ရာသီဥတုကလည်း ခြောက်သွေ့နေတာမို့ လယ်တော ၁၇ ဧကလောက် မီးစွဲလောင်သွားခဲ့ပါတယ်။

မီးရထားလမ်း ပါဝါလိုင်းပေါ်နားတဲ့ငှက်ကနေ အဆိုပါ မီးလောင် မတော်တဆမှု ဖြစ်ခဲ့ရတာလို့ မျက်မြင်သက်သေများက ပြောကြားပါတယ်။

ထိုမီးမှသည် အနီးအနား လယ်တောတွေဆီကို ကူးသွားခဲ့ပြီးတော့ မီးအရှိန်များလာတာမို့ မီးသတ်သမားအယောက် ၅၀ လောက် ဝိုင်းငြှိမ်းသတ်ခဲ့ရပါသတဲ့။ 

လူတွေကို အထိအခိုက်မရှိဘဲနဲ့ မီးသတ်များက အောင်မြင်စွာ မီးကို ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်လလုံး မိုးမရွာခဲ့ဘဲနဲ့ အဆိုပါသက်ရောက်မှုကို ဂျာမနီအရှေ့ မြောက်ပိုင်းက လယ်သမားတွေ ခံစားနေရပါတယ်။

F-02

  • TAGS