News

POST TYPE

ALSO IN NEWS

ကမ္ဘာ့အရှည်ဆုံး လည်စည်းပဝါနဲ့ ကမ္ဘောဒီးယား ကမ္ဘာ့စံချိန်ချိုး
03-Jul-2018


ပေ ၃၆၀၀ ကျော်ရှည်တဲ့ ကမ္ဘာ့အရှည်ဆုံး လည်စည်းပဝါကို ရက်လုပ်ပြီးတော့ ကမ္ဘောဒီးယားဟာ ကမ္ဘာ့စံချိန် ဂရင်းနစ်စာအုပ်ထဲ ရောက်သွားပါပြီ။ ခမာလည်စည်းပဝါဟာ ကမ္ဘောဒီးယားသားတွေ အမြတ်တနိုး ဆင်မြန်းကြတဲ့ အဆင်တန်ဆာ ဖြစ်ပါတယ်။ အာဏာရပါတီနဲ့ ချိတ်ဆက်ထားတဲ့ လူငယ်လှုပ်ရှားမှုတစ်ခုကဦးဆောင်ပြီး လူပေါင်း နှစ်သောင်းသုံးထောင်လောက် ပါဝင်ပြီး ဆောင်ရွက်ကြတာဖြစ်ပါတယ်။ ဖနွမ်းပင်ရှိ တော်ဝင်နန်းတော်ရှေ့မှာ အဆိုပါပဝါကြီးကို ရက်လုပ်ကြတာ ဖြစ်ပါသတဲ့။ ဂရင်းနစ်စံချိန်အဖွဲ့က အရာရှိကြီးတွေ လာရောက်စစ်ဆေးတဲ့နေ့မှာ ထောင်ပေါင်းများစွာသော လူငယ်တွေက ခမာပဝါကြီးကို ဖြန့်ချပြခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံကို ဆယ်စုနှစ်ပေါင်း များစွာအုပ်စိုးထားတဲ့ ဝန်ကြီးချုပ် ဟွန်ဆန်ဟာလည်း အဆိုပါလှုပ်ရှားမှုကို ထောက်ခံဂုဏ်ယူကြောင်း ပြသခဲ့ပါတယ်။  

F-02