News

POST TYPE

ALSO IN NEWS

ဒေါ်နယ်ထရမ့်ပုံစံ အက်စ်တက်စီ ဆေးပြားများ အမေရိကတွင် ဖမ်းမိ
02-Jul-2018 tagged as

အမေရိကန်ပြည်ထောင်စုက မူးယစ်မှောင်ခိုသမားတွေဟာ သမ္မတဒေါ်နယ်ထရမ့်ပုံစံ အရုပ်နဲ့ဆေးပြားတွေကို ထုတ်လုပ်နေကြပါတယ်။ အင်ဒီယာနာပြည်နယ် ရဲတပ်ဖွဲ့ဟာ ပြည်နယ်မြောက်ပိုင်းမှာ မူးယစ်နှိမ်နင်းရေး ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပြီးတော့ မူးယစ်ဆေးဝါးများစွာ သိမ်းဆည်းရမိခဲ့ပါတယ်။ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေထဲမှာ ဒေါ်နယ်ထရမ့်ပုံစံ အက်စ်တက်စီဆေးပြား များစွာရရှိခဲ့ပါတယ်။ 

ဆေးပြားဟာ လိမ္မော်ရောင်ဖြစ်ပြီး ဒေါ်နယ်ထရမ့်မျက်နှာပုံစံ ပုံနှိပ်ထားပါတယ်။ ဆေးပြားရဲ့ နောက်ကျောမှာတော့ Great Again လို့ ရေးထားပါတယ်။ Make America Great Again ဆိုတဲ့ ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်စာသားကို ရည်ညွှန်းပြီးရေးထားတာ ဖြစ်လောက်ပါတယ်။ 

မူးယစ်မှောင်ခိုတွေဟာ သူတို့ရဲ့ မူးယစ်ဆေးဝါးတွေ ရောင်းကောင်းစေဖို့အတွက် ထူးခြားတဲ့ အသွင်အပြင်တွေနဲ့ ထုတ်လုပ်လေ့ ရှိတတ်ပါတယ်။

F-02

  • TAGS