News

POST TYPE

ALSO IN NEWS

ဂိုဒေါင်ထဲ ဖောက်ဝင်ပြီး ဒိုးနတ်မုန့်တွေ ယူစားသွားတဲ့ ဝက်ဝံနက်
01-Jul-2018


အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနားပြည်နယ်ကနေ အိမ်တစ်အိမ်ရဲ့ဂိုဒေါင်ထဲကို သူခိုးဝင်သွားပေမယ့် ဒိုးနတ်မုန့်ဘူးပဲ ပါသွားပါတယ်။ သူခိုးကတော့ ဝက်ဝံကြီးတစ်ကောင် ဖြစ်ပါတယ်။ ကလေးတွေ ဂိုဒေါင်ထဲမှာထားခဲ့တဲ့ ဒိုးနတ်မုန့်ကိုယူစားနေတဲ့ ဝက်ဝံမဲကြီးကို မိခင်ဖြစ်သူက ဗီဒီယိုရိုက်ကူးလိုက်နိုင်ခဲ့ပါတယ်။ တံခါးဖွင့်ထားမိတဲ့ ဂိုဒေါင်ထဲက ဒိုးနတ်မုန့်ကိုယူပြီး အားပါးတရ စားနေတဲ့ ဝက်ဝံကြီးပုံ ဗီဒီယိုကို ဟန်ဒါဆင်ဗီလီဒေသနေ အမျိုးသမီးက ရရှိခဲ့တာဖြစ်ပါတယ်။

“ကလေးတွေကို ဒိုးနတ်ကျွေးမယ်ဆိုရင် မထားခဲ့စေနဲ့နော်”ဆိုပြီး အဆိုပါအမျိုးသမီးက ဝက်ဝံကြီးပုံကို အပေါ်ကနေ ဗီဒီယိုလှမ်းရိုက်နေရင်း ပြောကြားပါတယ်။

“ကျွန်မကလေးတွေက မုန့်ကို ဂိုဒေါင်ထဲမှာ ထားခဲ့သရှင်”လို့ အဆိုပါအမျိုးသမီးက အွန်လိုင်းပေါ် ရေးသားထားပါတယ်။ တောအုပ်ထဲမှာ စားကျက်မြေရှားပါးလာတဲ့အခါ သားရိုင်းတိရစ္ဆာန်တွေဟာ မကြာခဏဆိုသလို မြို့တွေပေါ်ကို ရောက်လာတတ်ပါတယ်။

F-02