News

POST TYPE

ALSO IN NEWS

ဖအေနဲ့သား ပြည်နယ်လွှတ်တော်အမတ်နေရာအတွက် သူနိုင်ကိုယ်နိုင် ယှဉ်ပြိုင်မည်
30-Jun-2018


အမေရိကန်ပြည်ထောင်စု ရိုဒီအိုင်လန်ဒေသမှာ ဖအေနဲ့သားဖြစ်သူတို့ဟာ ဒေါ်နယ်ထရမ့်ရဲ့ မူဝါဒတွေနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲခဲ့ပြီး ပြည်နယ်လွှတ်တော်နေရာအတွက် သားအဖချင်း ပြိုင်ကြပါတော့မယ်။

အသက် ၄၇ နှစ်အရွယ် ဒေးဗစ်ကူ ရိုရာစီနီယာနဲ့ အသက် ၂၂ နှစ်အရွယ် ဒေးဗစ်ကူရိုရာ ဂျူနီယာတို့ဟာ ပြည်နယ်လွှတ်တော်နေရာကို ဝင်ပြိုင်ကြမှာ ဖြစ်ပါတယ်။ 

ယခု လက်ရှိအခြေအနေမှာတော့ ဒီမိုကရက်တစ်ဦးက အဆိုပါနေရာကို ရသွားတာ ဖြစ်ပါတယ်။

ဖခင်ဖြစ်သူက ရီပတ်ဘလစ်ကန် တစ်ဦးအနေနဲ့ ဝင်ပြိုင်မှာဖြစ်ပြီး သားဖြစ်သူကတော့ တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါသတဲ့။

အမတ်လောင်း နှစ်ဦးလုံးဟာ ရွေးကောက်ပွဲဝင်ဖို့ စာရင်းပေးထားကြပြီး သူတို့နှစ်ယောက်လုံးရဲ့ အိမ်လိပ်စာတွေက အတူတူပဲဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့်ကို ထောက်ခံတဲ့ ဖခင်ဖြစ်သူနဲ့ သားဖြစ်သူတို့အကြား မကြာခဏ နိုင်ငံရေးအရ အငြင်းပွားရတယ်လို့ သားအဖနှစ်ဦးက ပြောကြားပါတယ်။

F-02