News

POST TYPE

ALSO IN NEWS

နွားနို့နှင့် တီဗီရီမုဒ် ရှာပေးရန် ၉၁၁ ကို အကြိမ်များစွာဖုန်းခေါ်သူ
28-Jun-2018


အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာနယ်သား အသက် ၆၂ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ အရေးမကြီးတဲ့ ကိစ္စလေးများနဲ့ အရေးပေါ်ဖုန်းကို အကြိမ်များစွာခေါ်မှုနဲ့ အရေးယူခံရပါပြီ။ အဆိုပါ အမျိုးသားကြီးဟာ ပြီးခဲ့တဲ့သုံးနှစ်အတွင်း အရေးမကြီးတဲ့ကိစ္စများနဲ့ အရေးပေါ် တယ်လီဖုန်းလိုင်း ၉၁၁ ကို စုစုပေါင်း ၁၁၈ ကြိမ် ခေါ်ခဲ့ပါတယ်။ အရေးပေါ်ဖုန်းကြောင့် တာဝန်ရှိသူတွေ ရောက်လာတဲ့အခါ နွားနို့ယူခိုင်းတာတို့၊ ဟိုဘက်ခန်းမှာထားတဲ့ ဖုန်းလေးယူပေးစမ်းပါတို့၊ တီဗီရီမုဒ် ပျောက်နေလို့ ရှာပေးပါလို့ ပြောတတ်ပါတယ်လို့ မီးသတ်အရာရှိ ရန်ဒီခရီဒါက ပြောကြားပါတယ်။ ခုဆိုရင် အဆိုပါဘကြီးရဲ့ဖုန်းလိုင်းကို ၉၁၁ က အရေးယူပါပြီ။ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေမှအပ တခြားကိစ္စခေါ်ဆိုခွင့် မပြုတော့ပါဘူး။ ထိုပုဂ္ဂိုလ်ကို ဝတ္တရား နှောင့်ယှက်မှုနဲ့လည်း အရေးယူမှာ ဖြစ်ပါတယ်။ အရေးပေါ် လုပ်သားတွေကို အလုပ်ပေးတဲ့ ဘကြီးနဲ့ သူ့ရှေ့နေကို သတင်းဌာနတွေက ဆက်သွယ်လို့ မရသေးပါဘူး။

F-02