News

POST TYPE

ALSO IN NEWS

လမ်းမကြီးအလယ် ရောက်နေတဲ့ ပဟေဠိဆန်တဲ့အိမ်ကြီး
28-Jun-2018


နှစ်လမ်းသွား လမ်းမကြီးပေါ်မှာ အိမ်ကြီးတစ်လုံးကို ဘယ်သူလာထားသွားသလဲဆိုတာ ဒဲလာဝဲဒေသက ရဲတွေ ခေါင်းခြောက်နေပါတယ်။ ရွှေ့ပြောင်းလို့ရတဲ့ အဆိုပါအိမ်ကြီးကို တစ်ယောက်ယောက်က ဆွဲလာပြီးတော့ လမ်းပေါ်မှာထားခဲ့တာမို့ လမ်းမကြီး ပိတ်နေတာဖြစ်ပါတယ်။ ရဲဌာနဟာ အဆိုပါပုံကို လူမှုကွန်ရက်မီဒီယာပေါ် တင်ခဲ့ပြီး လူတွေကလည်း Share နေကြပါတယ်။ ရဲတွေက အဆိုပါဓာတ်ပုံရဲ့အောက်မှာ “နောက်တာမဟုတ်ပါဘူးဗျို့”လို့ ရေးထားပါတယ်။ အိမ်ကြီးဟာ နောက်တွဲယာဉ်နဲ့ ချိတ်ပြီးဆွဲနိုင်တဲ့အိမ်ကြီး ဖြစ်ပါတယ်။ အိမ်ကို ရဲများက စာချိတ်ထားပြီး ဝန်ပိုတင်ဆောင်ခြင်းဆိုတဲ့ စာကိုလည်း ရေးထားပါတယ်။ ယာဉ်မောင်းများအနေနဲ့ တခြားလမ်းကနေ သွားလာသင့်တယ်လို့လည်း သတိပေးထားပါတယ်။

F-02