News

POST TYPE

ALSO IN NEWS

နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အပြာလက်စားချေဝက်ဘ်ဆိုက်ရဲ့ နောက်ကွယ်ကလူ မိပြီ
27-Jun-2018


တောင်ကိုရီးယားနိုင်ငံမှာ ၂၀၁၆ ခုနှစ်ကတည်းက ပိတ်လိုက်တဲ့နာမည်ဆိုးနဲ့ကျော်ကြားသော အပြာလက်စားချေဝက်ဘ်ဆိုက်ရဲ့နောက်ကွယ်က တည်ထောင်သူတစ်ဦးကို ရဲကဖမ်းမိလိုက်ပါပြီ။ လက်စားချေအပြာဗီဒီယို၊ ဓာတ်ပုံဆိုတာက ချစ်သူရည်းစားနဲ့ လွတ်လပ်စွာ ချစ်တင်းနှော အတူနေကြပြီး ထိုပုံများကိုရိုက်ကူးထားကာ မိန်းကလေးနဲ့ လမ်းခွဲကြတဲ့အခါမှ လက်စားချေပြီး အရှက်ခွဲ အင်တာနက်ပေါ် တင်တာမျိုး ဖြစ်ပါတယ်။ Sora.net ဆိုတဲ့ အင်တာနက်စာမျက်နှာကို လူတစ်သန်းလောက်သုံးခဲ့ကြပြီး အဆိုပါ ဗီဒီယိုဆိုက်ပေါ် အတင်ခံရတဲ့ အမျိုးသမီးတွေရဲ့ ခွင့်ပြုချက်မပါဘဲ လုပ်တာဖြစ်ပါတယ်။ တရားမဝင် ဆောင်ကြာမြိုင်များ၊ လောင်းကစား App ကြော်ငြာများမှသည် အင်တာနက် စာမျက်နှာပိုင်ရှင်က ဝင်ငွေရနေခဲ့တယ်လို့ ရဲကဆိုပါတယ်။ အင်တာနက်စာမျက်နှာပိုင်ရှင်ဟု စွပ်စွဲခံရသူ ဆောင်ဟု အမည်ရသူကတော့ သူဟာ တရားမဝင်တာ ဘာမှမလုပ်ခဲ့ဘဲ အသုံးပြုသူတွေ ကိုယ်တိုင်သာ တင်ကြတာဖြစ်တယ်လို့ ပြောပါတယ်။ တရားခံဟု စွပ်စွဲထားသူ မစ္စတာဆောင်ကို ကလေးသူငယ် လိင်မှုရေးရာ ကာကွယ်ရေးဥပဒေနဲ့ တရားစွဲထားပါတယ်။

F-02