News

POST TYPE

ALSO IN NEWS

ကမ္ဘာ့ရုပ်အဆိုးဆုံးဆု ဆွတ်ခူးသွားတဲ့ ခွေးဘီလူးလေး
26-Jun-2018 tagged as


အင်္ဂလိပ်ခွေးဘီလူး အမျိုးအစား တစ်ကောင်ဟာ ကမ္ဘာ့ရုပ်အဆိုးဆုံး ခွေးပြိုင်ပွဲမှာ ဗိုလ်စွဲသွားခဲ့ပါတယ်။ ဇွန်လ ၂၃ ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ် ပီတာလူမာဒေသမှာပြုလုပ်တဲ့ ကမ္ဘာ့ရုပ်အဆိုးဆုံးခွေး ပြိုင်ပွဲမှာ ဗိုလ်စွဲသွားတဲ့ ခွေးဘီလူးလေးအမည်က ဇာဇာဖြစ်ပါတယ်။ အသက် ၉ နှစ်အရွယ် ခွေးလေးဟာ အခြားခွေး ၁၃ ကောင်ကိုကျော်ဖြတ်ပြီး ဗိုလ်စွဲသွားခဲ့တာဖြစ်ပါတယ်။ ဆုငွေအဖြစ် ဒေါ်လာ ၁၅၀ဝ ကိုလည်း ရရှိခဲ့ပါတယ်။ 

သူ့ရဲ့ ပြိုင်ဘက်တွေထဲမှာ မျက်မမြင်ခွေး၊ အမွေးပြောင်ခွေး၊ အမွေးတွေ ကျစ်ထားတဲ့ခွေး၊ အရေပြားတွေ တွဲကျနေတဲ့ ခွေးစသဖြင့် မျိုးစုံပါဝင်ပါတယ်။ 

ခွေးအများစုဟာ ခိုလှုံရာဂေဟာတွေ၊ ခွေးသားဖောက်စခန်းတွေကနေ လာပြိုင်ကြတာများပါတယ်။

ဟန်ဂေရီရုပ်ရှင်မင်းသမီးတစ်ဦး နာမည်ပေးထားတဲ့ ခွေးဘီလူးမကို စောင့်ရှောက်ရေးအဖွဲ့တစ်ခုက ပိုင်ဆိုင်တာဖြစ်ပါတယ်။ 

F-02

  • TAGS