News

POST TYPE

ALSO IN NEWS

ခမ်းခမ်းနားနား ကျင်းပမယ့် ဘော်စတွန် ချဉ်ဖတ်ပွဲတော်
25-Jun-2018


အမေရိကန်ပြည်ထောင်စု ဘော်စတွန်မှာ ချဉ်ဖတ်ပွဲတော်ကို ခမ်းခမ်းနားနား သိုက်သိုက်မြိုက်မြိုက် ပြုလုပ်မှာဖြစ်ပါသတဲ့။ အသီးအရွက်သနပ်၊ ကင်ချီနဲ့ အခြားအချဉ်တည်ထားတဲ့ ဟင်းသီးဟင်းရွက်တွေကို ပြသသွားမှာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအနှံ့က မိသားစုစီးပွားရေးလုပ်ငန်းများ လာရောက်ပြသနိုင်မှာ ဖြစ်ပါတယ်။ အသီးအရွက်သနပ်တွေနဲ့ ဖန်တီးထားတဲ့ ရေခဲမုန့်၊ သကြားလုံးနဲ့ ဘီယာတို့ကိုလည်း မြည်းစမ်း ကြည့်နိုင်ပါသတဲ့။  ချဉ်ဖတ်ပွဲတော်မှာဆိုရင် ကစားနည်းတွေ၊ တေးဂီတဖျော်ဖြေပွဲတွေ၊ ဘီယာသောက်သုံးပွဲတွေ ပါဝင်ဦးမှာပါတဲ့။ ထိုပွဲကရတဲ့ အကျိုးအမြတ်တွေကို မိသားစု စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေကို ထောက်ပံ့နေတဲ့ Farm Aid ကို လှူဒါန်းသွားမှာဖြစ်ပါသတဲ့။

F-02