News

POST TYPE

ALSO IN NEWS

ဆီနီဂေါမှာ ခေတ်မီအာဖရိကမြို့တော်တစ်ခု တည်ထောင်မယ့် တေးသံရှင် Akon
24-Jun-2018 tagged as


Marvel ကာတွန်းဇာတ်လမ်းတွေထဲက ခေတ်လွန်အာဖရိကနိုင်ငံ ဝါကန်ဒါလိုမျိုး တည်ထောင်ဖို့ တေးသံရှင် Akon က အိပ်မက်ရှိပါတယ်။ အဆိုပါနိုင်ငံမှာသုံးဖို့အတွက် ငွေကြေးကိုတောင် စဉ်းစားပြီးသွားပါပြီ။ သူ့နာမည်နဲ့ပါ။ Akoin တဲ့။ အီလက်ထရွန်နစ် ငွေကြေးမျိုးဖြစ်ပြီးတော့ Akoin လို့ အမည်ပေးထားကာ ခိုင်မာတဲ့ စီးပွားရေးမျိုး ဖြစ်တယ်လို့ သူကပြောပါတယ်။ ကိန်းစ်မြို့မှာကျင်းပတဲ့ ဖန်တီးမှုဆိုင်ရာ ပွဲတော်က ဆွေးနွေးမှုတစ်ခုမှာ အဆိုပါ ရည်မှန်းချက်မြင့်မားတဲ့ စီမံကိန်းကို ဖွင့်ပြောခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ အစီအစဉ်ဟာ အာဖရိကကို အကျိုးရှိစေမှာ ဖြစ်တယ်လို့ Akon က ပြောခဲ့ပါတယ်။ Akon ဟာ ဆီနီဂေါဟာ မြေဧကများစွာ ပိုင်တာမို့ သူ့ရဲ့ဝါကန်ဒါအိပ်မက်က တကယ်များ ဖြစ်လာမလားဆိုတာ စောင့်ကြည့်စရာ ဖြစ်နေပါတယ်။

F-02

  • TAGS