News

POST TYPE

ALSO IN NEWS

အရွက်သုပ်ဟင်း မကြိုက်လို့ ရဲကို နှစ်ကြိမ်ဖုန်းဆက်တိုင်တဲ့ကလေး
23-Jun-2018 tagged as


ကနေဒါနိုင်ငံက ကောင်လေးတစ်ဦးဟာ မိဘတွေ ချက်ကျွေးတဲ့အရွက်သုပ် ဟင်းလျာထဲက ပါဝင်ပစ္စည်းတွေကို မကြိုက်လို့ဆိုပြီး ရဲကို ဖုန်းဆက်တိုင်တောခဲ့ပါတယ်။

အရေးပေါ် ဖုန်းနံပါတ် ၉၁၁ ကို ဆက်တာနဲ့ ပတ်သက်ပြီးတကယ့် အရေးပေါ် ဟုတ် မဟုတ် ဆိုတာကို ရဲတွေမှာ စိစစ်ရတာက အလုပ်တစ်ခု ဖြစ်နေပါတယ်လို့ ရဲတပ်ကြပ်ကြီး ဒယ်ဟတ်ချီဆန်က ပြောကြားပါတယ်။

ရဲတွေရောက်ရှိလာတာတောင် မိဘတွေက ဘာဖြစ်လို့ ရဲတွေရောက်လာ တယ်ဆိုတာကို မသိခဲ့ကြဘူးလို့ ရဲများက ဆိုပါတယ်။

ဟင်းမကြိုက်လို့ ရဲကိုခေါ်တာနဲ့ပတ်သက်ပြီးတော့ မိဘများကတော့ သူတို့သားငယ်ကို သိပ်သဘောတွေ့ပုံ မရဘူးလို့ ရဲများက ဆိုပါတယ်။

အရေးမကြီးဘဲနဲ့ ၉၁၁ ကိုခေါ်ဆိုတာဟာ တကယ် အရေးကြီးတဲ့ကိစ္စတွေကို ကိုင်တွယ်ရတဲ့အခါ အခက်အခဲ တွေ့နိုင်တယ်လို့ ရဲကဆိုပါတယ်။

F-02

  • TAGS