News

POST TYPE

ALSO IN NEWS

အထက်တန်းစာမေးပွဲကျင်းပချိန် အယ်ဂျီးရီးယားတစ်နိုင်ငံလုံး အင်တာနက်ဖြတ်ထား
21-Jun-2018


နည်းပညာသုံးပြီး စာခိုးချမှာကို တားဆီးတဲ့အနေနဲ့ အထက်တန်း စာမေးပွဲစစ်ချိန် အယ်ဂျီးရီးယားမှာ တစ်နိုင်ငံလုံးကို အင်တာနက် ဖြတ်ထားခဲ့ပါတယ်။ စာမေးပွဲချိန်မှာ မိုဘိုင်းလ်လိုင်းနဲ့ ကေဘယ်လိုင်း အပါအဝင် အင်တာနက် ဝန်ဆောင်မှုများကို ရပ်ဆိုင်းထားခဲ့ပါတယ်။ ယင်းသို့ အင်တာနက် ဖြတ်ချမှုကို ဇွန်လ ၂၀ ရက် နေ့ကနေ ၂၅ ရက်နေ့အထိ စာမေးပွဲချိန်တိုင်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ၂၀၁၆ စာမေးပွဲရာသီက စာမေးပွဲခန်းဖွင့်ချိန် အစပိုင်းမှာတင် မေးခွန်းက အပြင်ကိုပေါက်ထွက်သွားပြီး အွန်လိုင်းမှာ ပလူပျံနေခဲ့တာမို့ ယခုလိုလုပ်ရတာဖြစ်ပါသတဲ့။ ပြီးခဲ့တဲ့နှစ်က အဲဒီလိုမဖြစ်အောင် အင်တာနက် ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေကို အင်တာနက်ဖြတ်ထားဖို့အတွက် အစိုးရက မေတ္တာရပ်ခံခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် စာမေးပွဲအချိန်မှာ အစိုးရက လူမှုကွန်ရက်တွေ မသုံးနိုင်အောင် ဖြတ်တောက်ခဲ့တာ ဖြစ်ပါသတဲ့။

F-02