News

POST TYPE

ALSO IN NEWS

မက်ဆီကိုကြည့်ဖို့ အိန္ဒိယကနေ ရုရှားအထိ စက်ဘီးနဲ့သွားခဲ့တဲ့ ပရိသတ်တစ်ဦး
21-Jun-2018


ကလီဖင်ဖရန်စစ်ဟာ အိန္ဒိယတောင်ပိုင်းမှာ နေထိုင်သူဖြစ်ပြီး ရုရှားကကမ္ဘာ့ဖလားပွဲကို သွားချင်ပေမယ့် လေယာဉ်လက်မှတ်ခ မတတ်နိုင်ခဲ့သူပါ။ ဖရန်စစ်ဟာ သင်္ချာဆရာတစ်ဦးဖြစ်ပြီး တစ်ရက်ဝင်ငွေက ဒေါ်လာ ၄၀ လောက်ရသူပါ။ ဈေးအသက်သာဆုံးနဲ့ သွားနိုင်မယ့်နည်းလမ်းကတော့ စက်ဘီးပဲဖြစ်ပါသတဲ့။ စက်ဘီးနဲ့သွားမယ်လို့ ကြေညာလိုက်တော့ သူငယ်ချင်းတွေက မယုံကြပါဘူး။ သူဟာ လေကြောင်းနဲ့ ဒူဘိုင်းကိုသွားတယ်။ အဲဒီကနေ သင်္ဘောစီးပြီး အီရန်ကို လာခဲ့ပါတယ်။ အဲဒီကနေမှ ကီလိုမီတာ ၄၂၀၀ ကျော် စက်ဘီးစီးပြီးတော့ ရုရှားကိုသွားခဲ့တာ ဖြစ်ပါတယ်။ ဆုလာဘ်ကတော့ သူနှစ်သက်တဲ့ ဘောလုံးသမားမက်ဆီနဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ သူဟာ စက်ဘီးစီးရတာကို သဘောကျပြီး ဘောလုံးပရိသတ်တစ်ဦးဖြစ်တာကြောင့် ထိုနှစ်ခုကို ပေါင်းစည်းလိုက်တာပါတဲ့။

F-02