News

POST TYPE

ALSO IN NEWS

ဘောလုံးပွဲအပြီး အမှိုက်ရှင်းတဲ့ ဂျပန်ပရိသတ်တွေ
20-Jun-2018 tagged as


ပရိသတ်တွေ တစ်ခဲနက်လာကြတဲ့ ဘောလုံးပွဲတွေ ပြီးသွားတိုင်းမှာ ပွဲကြည့်စင်ပေါ်မှာ အမှိုက်တွေ၊ စားကြွင်းစားကျန်တွေ ပြည့်နှက်သွားတော့တာပါပဲ။ အင်္ဂါနေ့ညက ဂျပန်ဟာ ကိုလံဘီယာကို အနိုင်ရသွားပြီးနောက်မှာ ပရိသတ်တွေ မီးကုန်ယမ်းကုန် အောင်ပွဲခံကြပါတယ်။ အဖွင့်ပွဲစဉ်မှာ အနိုင်ရသွားပြီးနောက်မှာ ပရိသတ်တွေဟာ သူတို့ပွဲကြည့်စဉ်ပေါ်မှာ တညီတညာ အမှိုက်လိုက်ကောက်ကြပါတယ်။ ရော်ဘာအိတ်တွေ ယူလာပြီး အမှိုက်ကောက်လိုက်တာ သူတို့ မထိုင်ခင်ကအတိုင်း သပ်သပ်ရပ်ရပ် ဖြစ်နေပါတယ်။ ရောက်လေရာ ဒေသမှာ ဂျပန်ဘောလုံးပရိသတ်တွေဟာ ယခုလို အလေ့အထကောင်းတွေကို ပြုလုပ်ဖို့ မပျက်ကွက်ခဲ့ကြပါဘူး။ ဂျပန်ပွဲပြီးတဲ့နောက်မှာ ဆီနီဂေါပရိသတ်တွေဟာလည်း အလားတူ အမှိုက်ကောက်ခဲ့ကြပါသတဲ့။

F-02

  • TAGS