News

POST TYPE

ALSO IN NEWS

ပဲရစ်မြို့တော် မြေအောက်ရထားပေါ်မွေးသည့်ကလေးကို ရထားဌာနက ၂၅ နှစ် အခမဲ့စီးခွင့်ပေး
19-Jun-2018


ပြင်သစ်နိုင်ငံမြို့တော် ပဲရစ်ရဲ့ အများပြည်သူ ပို့ဆောင်ရေးကုမ္ပဏီ RATP က ခရီးသည်တစ်ဦးကို ၂၅ နှစ်တာ အခမဲ့ စီးနင်းခွင့်ပေးခဲ့ပါတယ်။ အဆိုပါ ခရီးသည်ကတော့ ရထားပေါ်မှာပဲ မီးဖွားမျက်နှာမြင်သွားတဲ့ ကလေးပေါက်စလေး ဖြစ်ပါတယ်။ ရထားပေါ်မှာ ကလေးမီးဖွားနေတာကြောင့် A လိုင်းရထားလမ်းမှာ ရထားတွေ နောက်ကျသွားခဲ့ရပါသတဲ့။ ကယ်ဆယ်ရေး လုပ်သားများက မိခင်နဲ့ကလေးကို ပြုစုပေးခဲ့ကြပြီး အနီးအနားဆေးရုံကို ရွှေ့ပြောင်းပေးခဲ့ကြပါတယ်။ ရထားလမ်းကြောင်း လုံးဝ ရပ်ဆိုင်းသွားခဲ့တာမို့ ရထားပေါ်မှာ ကလေးမီးဖွားနေတဲ့သတင်းကို အချိန်နဲ့တစ်ပြေးညီ ဘူတာတိုင်းမှာ တိုက်ရိုက်သတင်း ရေးသားဖော်ပြခဲ့ပါတယ်။ ရထားပေါ်မှာ ကလေးမွေးသွားတဲ့ မိခင်အပါ် ရိုးသားစွာ ဂုဏ်ပြုပါကြောင်းနဲ့ ရထားလမ်းကြောင်းများ ပုံမှန် ပြေးဆွဲနေပြီဖြစ်ပါကြောင်း ရထားလိုင်းက Twitter မှာ ရေးသားထားပါတယ်။

F-02