News

POST TYPE

ALSO IN NEWS

ကမ္ဘာ့ပထမဆုံး မိန်းမလျာသီးသန့်ရေဒီယို အာရပ်ကမ္ဘာမှာစတင်
18-Jun-2018 tagged as

ကမ္ဘာပေါ်မှာ ဘာသာရေးအစွန်းရောက် အယူသီးမှု အမြင့်မားဆုံးရှိရာ အာရပ်မြေမှာ ကမ္ဘာ့ပထမဆုံး မိန်းမလျာ သီးသန့်ရေဒီယို စတင် အသံလွှင့်နေပါပြီ။ တူနီးရှားမှာပါ။ လိင်တူချင်း ချစ်ခင်စုံမက်ခြင်းဟာ တူနီးရှားမှာ တရားမဝင်ဘဲ လူထုအမြင်မှာလည်း အများစုက လက်မခံကြပါဘူး။ ဒါပေမဲ့ ၂၀၁၁ လူထုလှုပ်ရှားမှုအပြီးမှာတော့ တက်ကြွလှုပ်ရှားသူတွေဟာ သူတို့ယုံကြည်ရာကို ရပ်တည်ပြောဆိုကြမယ်ဆိုရင် အပြောင်းအလဲတွေ ရှိလာမယ်ဆိုတာကို မျက်မြင်ကြုံခဲ့ရပါတယ်။ LGBT အသိုင်းအဝိုင်းခေါ် လိင်တူလိင်ပြောင်းတွေကလည်း ယုံကြည်မှုတွေ ရှိလာကြပြီး အမှောင်ထဲမှာပဲ ပုန်းမနေကြတော့ဘဲ ထွက်လာကြပါပြီ။ ယခုအခါ တူနီးရှားလို အာရပ်မြေပေါ်မှာ မိန်းမလျာ သီးသန့် ရေဒီယိုလိုင်းတစ်ခု ပေါ်လာခဲ့ပါပြီ။ 

“တူနီးရှားလေလှိုင်းပေါ်ကနေ LGBT ကိစ္စရပ်တွေကို လူများများ သိလာအောင် ပြောဆိုရပ်ခံ စိတ်အနှောင့်အယှက်ပေးတဲ့ ပထမဆုံးသူက ကျွန်တော်ပါ”လို့ အဆိုပါရေဒီယိုလိုင်းရဲ့ ဒါရိုက်တာဘိုဒစ်ဘယ်ဟီဒီက ပြောကြားပါတယ်။

F-02

  • TAGS