News

POST TYPE

ALSO IN NEWS

အဝလွန်နေတဲ့ကြောင် စောင့်ရှောက်ရေးဂေဟာကိုရောက်
17-Jun-2018


အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ ကြောင်တစ်ကောင်ဟာ အဝလွန်နေပြီး စောင့်ရှောက်ရေးဂေဟာကို ရောက်ရှိလာခဲ့ပါတယ်။

အဆိုပါကြောင်ကြီးကို ချဘ်စ်လို့ အမည်ပေးထားပြီး ကိုယ်အလေးချိန်က ၂၉ ပေါင်တောင်ရှိပါတယ်။

ဟိမာလေးယန်းသွေးနှော အဆိုပါ ချဘ်စ်လို့ အမည်ရကြောင်ဟာ လေလွင့်ကြောင်တစ်ကောင် ဖြစ်ပါသတဲ့။

အဆိုပါ ကြောင်ကို သန့်ရှင်းသပ်ရပ် ရုပ်ထွက်အောင် လုပ်ပေးဖို့လိုနေပြီး ဒဏ်ရာအနာတရလည်း ရှိနေပါတယ်။

ကြောင်ကြီးကို ကြောင်ထားအိမ်ထဲ ထည့်လို့မရအောင် ကိုယ်အလေးချိန် များနေတာမို့ ဝန်ထမ်းတွေရဲ့ အခန်းထဲမှာ ပေးနေထားပါတယ်။

ကြောင်ကို ပိုင်ရှင်ကခြေရာခံတဲ့ မိုက်ခရိုချစ်ပ်လည်း တပ်မထားတာမို့ စောင့်ရှောက်ရေးအဖွဲ့အစည်းက ပိုင်ရှင်ကိုလည်း ရှာဖွေနေပါသတဲ့။ 

F-02