News

POST TYPE

ALSO IN NEWS

လေပြင်းထန်လို့ မိုဘိုင်းအိမ်သာများ လေပေါ်ပျံဝဲ
16-Jun-2018 tagged as


အမေရိကန်ပြည်ထောင်စု ကိုလိုရာဒို ပြည်နယ် ကွန်းမန့်စ်မြို့မှာ လေပြင်းထန်ခဲ့စဉ် ရွေ့လျားအိမ်သာများ လေပေါ်ကို ပျံဝဲလွင့်ပျံလာပုံကို အမျိုးသားတစ်ဦးက ဗီဒီယိုမှတ်တမ်း တင်ထားခဲ့ပါတယ်။

ယင်းအမျိုးသားက ဗီဒီယိုဖိုင်ကို သူ့ရဲ့ Facebook စာမျက်နှာမှာ တင်ထားခဲ့ပြီး လူကြည့်များခဲ့ပါတယ်။

လူအများအပြားဟာ နေသာတဲ့နေ့မို့ အပြင်ထွက် လမ်းသလား ပျော်ပါး ပါတီပေးနေကြပြီး ရုတ်တရက် လေထန်လာမှုကြောင့် ပွဲပျက်ခဲ့ရပါသတဲ့။

လေပေါ်ပျံဝဲလာတဲ့ အမှိုက်သရိုက်နဲ့ အပျက်အစီးတွေ ကလေးတွေကို ထိမှန်မှာ စိုးလို့ မိဘတွေက ကာကွယ်ပေးထားကြပါတယ်။

ကံကောင်းလို့ ဘယ်သူမှတော့ ပြင်းထန်တဲ့ ဒဏ်ရာရသွားပုံ မပေါ်ပါဘူး။

ရွေ့လျားအိမ်သာတွေ လေပေါ်ကို ပျံလာတော့အထဲက သွားထားတဲ့ အခင်းကြီးတွေတော့ မိုးရွာသလို ကြဲချလိုက်ပြီးသားဖြစ်သွားမှာပဲနော်။

F-02 

  • TAGS