News

POST TYPE

ALSO IN NEWS

ကုန်းတွင်းပိတ် အီသီယိုးပီးယားနိုင်ငံမှာ ရေတပ်ဖွဲ့တော့မှာလား
15-Jun-2018



အီသီယိုးပီးယားနိုင်ငံဟာ ကမ်းရိုးတန်းမရှိတဲ့နိုင်ငံမို့ ရေတပ်လည်း ရှိစရာမလိုခဲ့ပါဘူး။ ၁၉၉၃ ခုနှစ် အီရစ်ထရီးယားလွတ်လပ်ရေး ရသွားကတည်းက ရေတပ်မရှိတော့တာဖြစ်ပါတယ်။ ဒါပေမဲ့ ယခုအခါမှာတော့ အီသီယိုးပီးယားရေတပ်ကို ဖွဲ့စည်းဖို့အတွက် စဉ်းစားတာတွေ ရှိလာပါပြီ။ အီသီယိုးပီးယားဟာ ဒေသတွင်း အားကောင်းဆုံးစစ်တပ်ရှိတာမို့ ရေတပ်ဖွဲ့ဖို့လည်း အနာဂတ်မှာ စဉ်းစားသင့်တယ်လို့ ဝန်ကြီးချုပ် အဘီအာမက်က ပြောကြားခဲ့ပါတယ်။ အီသီယိုးပီးယားဟာ သူ့ရဲ့ ရေတပ်စခန်းကို လက်ခံပေးဖို့အတွက် အိမ်နီးချင်းနိုင်ငံတွေနဲ့ ညှိနှိုင်းတာမျိုး လုပ်ဆောင်နေပါတယ်။ အီသီယိုးပီးယားဟာ အိမ်နီးချင်း အီရစ်ထရီးယားနဲ့ အဆင်မပြေတာမို့ အဲဒီနိုင်ငံမှာ ရေတပ်ထားဖို့အတွက်တော့ မဖြစ်သေးပါဘူး။ အရှေ့တောင်အာရှနိုင်ငံ လာအိုဟာ ကုန်းတွင်းပိတ်နိုင်ငံဖြစ်ပေမယ့် မဲခေါင်မြစ်ကြီးထဲမှာ တပ်စွဲတဲ့ရေတပ်ရှိပါတယ်။ 

F-02

  • VIA