News

POST TYPE

ALSO IN NEWS

ပယင်းထဲတွင် နှစ် ၉၉သန်း သက်တမ်းရှိ ပျားကောင် တွေ့ရှိ
14-Jun-2018



မိုက်ခရိုစကုပ်နဲ့ သေချာကြည့်မှ မြင်နိုင်မယ့် ပျားတစ်ကောင်ရဲ့ ရုပ်ကြွင်းကို ပယင်းထဲမှာ တွေ့ရှိခဲ့ရပါတယ်။ အဆိုပါရုပ်ကြွင်းဟာ သက်တမ်းအားဖြင့် နှစ် ၉၉ သန်း ရှိပြီလို့ ခန့်မှန်းရပါတယ်။ အဆိုပါပျားသေးမျိုးကို ဂျေဆန်လို့ အမည်ပေးထားပြီးတော့ အတောင်ပါပြီး ရေပေါ်လည်း မျောနိုင်ကြပါတယ်။ ယင်းသို့ သက်တမ်း ၉၉ သန်းရှိ ပျားကောင်တွေ့ရှိရတဲ့ ပယင်းအကြောင်းကို ချီကာဂိုပြတိုက်က သုတေသီတွေက သိပ္ပံပညာဂျာနယ် တစ်စောင်မှာ ဖော်ပြခဲ့ကြပါတယ်။ ပယင်းထဲမှာ ရောက်နေလို့သာ၊ မျိုးတုံးသွားတာကြာပြီဖြစ်တဲ့ အဆိုပါ ပျားကောင်ကို တွေ့ရှိရတာလို့ ပညာရှင်တွေက ပြောပါတယ်။ သေးကွေးလှတဲ့ အင်းဆက်တွေဟာ အလွန်နူးညံ့တာမို့ အရိုးရှိအကောင်တွေလို ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ်ကျန်တာ အင်မတန်မှ ရှားပါးလှပါတယ်။ 

F-02

  • VIA