POST TYPE

ALSO IN NEWS

ကင်ဂျုံအန်း စင်ကာပူကို ကိုယ်ပိုင်အိမ်သာယူလာတယ်လို့ သတင်းထွက်
14-Jun-2018

အမေရိကန်သမ္မတထရမ့်နဲ့ ကင်ဂျုံအန်းတို့ စင်ကာပူမှာ တွေ့ဆုံနေကြပြီး ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးအတွက် တစ်ကမ္ဘာလုံးက မျှော်လင့်ချက်တွေ မြင့်မားနေကြပါတယ်။ ဒီတစ်ကြိမ်မှာတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ အမေရိကန်သမ္မတတစ်ဦးနဲ့ တိုက်ရိုက်တွေ့ဆုံကာ အတူတစ်စားပွဲတည်းထိုင်ဖို့ သဘောတူလိုက်ပါတယ်။ ဒါပေမဲ့ စင်ကာပူက ဟိုတယ်ရဲ့ အများသုံးအိမ်သာမှာ ထိုင်ဖို့ကိုတော့ သူသဘောတူခဲ့ပုံမရပါဘူး။ ကိုယ်ပိုင်အိမ်သာကိုပါ လေယာဉ်ပေါ်မှာ တစ်ခါတည်းယူလာတယ်လို့ သတင်းတွေက ဆိုထားပါတယ်။ 

ကင်ဟာ Air China လေယာဉ်ကြီးနဲ့ ရောက်လာခဲ့ပြီး ကုန်ပစ္စည်းသယ် လေယာဉ်တစ်စီးပါ ထပ်ပါလာခဲ့ပြီး ထိုလေယာဉ်မှာ သယ်ဆောင်နိုင်တဲ့ အိမ်သာပါ ယူလာခဲ့ပါသတဲ့။ မြောက်ကိုရီးယားလူကြီးပိုင်းကနေ နိုင်ငံခြားကို ထွက်ပြေးခိုလှုံလာသူတွေ ပြောတာကတော့ ခေါင်းဆောင်ကြီးဟာ ခရီးသွားတိုင်းကိုယ်ပိုင် အိမ်သာယူတတ်ပါသတဲ့။ ခေါင်းဆောင်ကြီးရဲ့ ဟိုဒင်းဟိုဟာကိစ္စတွေကို နိုင်ငံရပ်ခြားထောက်လှမ်းရေးတွေက ကျင်းထဲက ဆယ်ယူပြီး သုံးသပ်ဓာတ်ခွဲမှာကို စိုးရိမ်ကြပုံရပါတယ်။  

F-02

  • VIA