News

POST TYPE

ALSO IN NEWS

ဒိုင်နိုဆောတက်စီးထားတဲ့ပုံ ဝတ်ဆင်ထားတဲ့ ရဲကြီးက ကလေးများကို လမ်းစည်းကမ်း ပညာပေး
13-Jun-2018 tagged as



ပြည်သူ့ရဲဆိုတာ ပြည်သူတွေနဲ့ တစ်သားတည်းရှိပြီး ခင်မင်အားကိုး နှစ်လိုဖွယ်ရာရှိရမှာ ဖြစ်ပါတယ်။ ဒါကိုနားလည်တဲ့ နိုင်ငံတချို့က ရဲတပ်ဖွဲ့တွေဟာ သူတို့တပ်ဖွဲ့ဝင်တွေကို ပြည်သူတွေကြားမှာ ခင်မင်ရယ်မောဖွယ်ရာ ပုံစံတွေနဲ့ ထွက်ပေါ်လာစေလေ့ ရှိတတ်ပါတယ်။ ယခုလည်း ထိုင်းနိုင်ငံက ယာဉ်ထိန်းရဲတစ်ဦးဟာ ဒိုင်နိုဆောကို တက်စီးထားတဲ့ပုံသဏ္ဌာန်ဝတ်စုံကို အပူခံဝတ်ပြီး အများပြည်သူနဲ့ ကလေးများစိတ်ဝင်စားအောင် နေပြနေပါတယ်။ လူစိတ်ဝင်စားလာတဲ့အခါ ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကို ပညာပေးနေပါတယ်။ ကလေးတွေ သိပ်ချစ်ကြတဲ့ ဒိုင်နိုဆောစီး ဦးရဲကြီးပေါ့။ ရဲတပ်ကြပ်ကြီးတာနစ်ဘူဆာဘွန်းဟာ ဘန်ကောက်မြို့အပြင်က မူကြိုကျောင်းကြီးတစ်ခုနားမှာ ယာဉ်ထိန်းရတာဖြစ်ပြီး ကလေးတွေရှေ့မှာ ထိုသို့ဝတ်ဆင်ပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို သင်ပေးနေပါတယ်။ သူဟာ မင်နီမောက်စ်၊ ဝက်ဝံစတဲ့ ဝတ်စုံတွေဝတ်ပြီးတော့လည်း ကလေးတွေရှေ့မှာ ယာဉ်ကြောအန္တရာယ်တွေကို ရှင်းလင်းပေးပြတတ်ပါတယ်။  

F-02

  • VIA
  • TAGS