News

POST TYPE

ALSO IN NEWS

ပထမကမ္ဘာစစ် စစ်ပြန်တစ်ဦးရဲ့ သက်တမ်း ၁၀၃ နှစ်ရှိပြီဖြစ်တဲ့ ချောကလက်တွေ တွေ့
12-Jun-2018 tagged as



စစ်ပြန်သူရဲကောင်းဟောင်းကြီးတစ်ဦးရဲ့ ပိုင်ဆိုင်တဲ့ သံဘူးလေးထဲမှာ နှစ်တစ်ရာကျော် သက်တမ်းရှိ ရှားပါးချောကလက်ချောင်းကိုးခုကို တွေ့ရှိခဲ့ရပါတယ်။ ပြင်သစ်မှာတာဝန်ထမ်းဆောင်တဲ့ ပထမကမ္ဘာစစ်ကာလ စစ်သားတွေကို လက်ဆောင်ပေးပို့တဲ့ Colonies Gift Tins သံဘူးလေးများထဲက တစ်ခုဖြစ်ပါတယ်။အဆိုပါသံဘူးတွေကို နော်တင်ဟမ်ရှိုင်းယားနယ် မန်းစ်ဖီးဒ်ဒေသမှာ ပြုလုပ်တာဖြစ်ပါတယ်။ သံဘူးတစ်ဘူးကို လန်ကတ်စတာရှိုင်းယားတပ်ရင်းက စစ်သားဟောင်း ရစ်ချက်ဘူလီမိုး စုဆောင်းထားချက်တွေထဲမှာ တွေ့ရတာဖြစ်ပါတယ်။ ချောကလက် ၁၀ ချောင်းပါတဲ့ သံဘူးထဲကနေ တစ်ခုပဲစားရပါသေးတယ်။ ရှေးဟောင်းပစ္စည်းတွေနဲ့အတူ စစ်ပြန်ချောကလက်ဘူးကို လေလံတင်မှာဖြစ်ပါသတဲ့။ နှစ်တစ်ရာကျော်သက်တမ်းရှိ ယင်းသံဘူးဟာ အလွန်ရှားပါးနေပြီဖြစ်ပြီးတော့အထဲမှာ ချောကလက်ပါတာဆိုလျှင် ပိုပြီးတောင် ရှားနေပြီလို့ ကုမ္ပဏီက ဆိုထားပါတယ်။

F-02

  • TAGS