News

POST TYPE

ALSO IN NEWS

နယူးဂျာစီက မြို့တစ်မြို့ သက်တံရောင်မျဉ်းကျားဖြင့် လိင်တူချစ်သူများကို ဂုဏ်ပြု
11-Jun-2018 tagged as



လိင်တူချစ်သူများကို ဂုဏ်ပြုတဲ့ကာလကို ဆင်နွှဲဖို့အတွက် နယူးဂျာစီပြည်နယ်က မြို့လေးတစ်မြို့မှာ မြို့ရဲ့ အဓိကလမ်းဆုံနေရာ မျဉ်းကျားတွေကို သက်တံရောင်စုံခြယ်သပြီးတော့ ပြင်ဆင်ထားပါတယ်။ မေပယ်ဝုဒ်မြို့ဟာ အဆိုပါမျဉ်းကျားကို တရားဝင်ဖွင့်လှစ်ခဲ့ပြီဖြစ်ပါတယ်။ LGBT ခေါ် လိင်တူလိင်ကွဲချစ်မြတ်နိုးကြသူ အသိုင်းအဝိုင်းကို လက်ခံနားလည်ပေးခြင်း အထိမ်းအမှတ်အဖြစ် သက်တံရောင်မျဉ်းကျားကို အမြဲတမ်းထားရှိမှာဖြစ်ပါသတဲ့။ “ယခုကဲ့သို့ အမြဲတမ်းထားရှိရခြင်းသည် မတူကွဲပြားခြားနားမှုကို ဂုဏ်ပြုခြင်းဖြစ်ပြီးတော့ မေပယ်ဝုဒ်မြို့သည်လည်း နယူးဂျာစီမှာ အမြင်တိုးတက်မှုရှိတဲ့နေရာတွေထဲကတစ်ခု ဖြစ်လာပေမည်” ဟု မြို့နယ်အုပ်ချုပ်ရေး၏ကြေညာချက်က ဖော်ပြထားပါတယ်။ မြို့နယ်ကော်မတီဝင်တစ်ဦးဖြစ်သူ ဒင်းဒါဖစ်စ်ကလည်း တရားဝင်ကြေညာဖွင့်ပြောထားသော လိင်တူချင်းချစ်သူတစ်ဦးဖြစ်ပါတယ်။ 

“အားလုံးပါဝင်စေခြင်းအပေါ် ကျွန်တော်တို့ထားတဲ့ စိတ်အားထက်သန်မှုကို သင်္ကေတပြုတဲ့အနေနဲ့ အမြဲတမ်းအမှတ်အသားအဖြစ် ကျွန်တော်တို့ တစ်ခုခုလုပ်ချင်နေခဲ့တာပါ” လို့ ဒါဖစ်စ်က ပြောပါတယ်။

F-02

  • TAGS