News

POST TYPE

ALSO IN NEWS

ပိုးသတ်ဆေးကြောင့် သေဆုံးတဲ့ပျားများကို ပါရီတွင် သဘာဝပတ်ဝန်းကျင်သမားများက အသုဘချပေး
10-Jun-2018



အပင်တွေမှာ ပိုးမကျအောင်လို့ ဆေးတွေဖျန်းကြပါတယ်။ အဆိုပါဆေးတွေကြောင့် ဝတ်မှုန်ကူးရာမှာ အထောက်အကူဖြစ်တဲ့ ပျားကောင်လေးတွေပါ သေဆုံးနေရပါတယ်။

ဒါကို လူတွေသိစေချင်တာကြောင့် ပျားမွေးမြူရေးသမားများနဲ့ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူများက ပြင်သစ်နိုင်ငံမြို့တော် ပဲရစ်မှာလှုပ်ရှားမှု တစ်ခုပြုလုပ်ခဲ့ပါတယ်။

ပိုးသတ်ဆေးဒဏ်ကြောင့် သေဆုံးရတဲ့ပျားများကို အသုဘချအခမ်းအနား ပြုလုပ်ပေးတာပါ။ ပြဿနာကို လူထုအာရုံ စိုက်လာအောင်လို့ လုပ်ဆောင်တာဖြစ်ပါတယ်။ ပျားတွေဟာ ဂေဟစနစ်အတွက် အင်မတန်မှ အရေးကြီးပါသတဲ့။ 

အချို့သော ဆန္ဒပြသူများဟာ ပျားမွေးမြူရေးဝတ်စုံတွေ ဝတ်ထားကြပြီး အသုဘအခမ်းအနားအတိုင်း အခေါင်းပြင်ပြီး လိုက်ပို့နေကြပါတယ်။

အနောက်ဥရောပဒေသက ပျားများပေါက်ဖွားနေထိုင်ရာ နေရာများဟာ နီယိုနီကိုတင်နွိုက် ပိုးသတ်ဆေး အသုံးပြုမှုတွေကြောင့် လျော့ပါးလာနေပြီလို့ ဆိုပါတယ်။

ထိုကိစ္စကိုပြောနေရတာ နှစ်ပေါင်း ၂၀ ကြာပြီဖြစ်တာကြောင့် ပြောစရာကို မရှိတော့ပါဘူးလို့ လှုပ်ရှားမှုမှာပါဝင်သူက ပြောကြားပါတယ်။  

F-02

  • VIA