News

POST TYPE

ALSO IN NEWS

လူအစုလိုက်အပြုံလိုက် ကိုယ်တုံးလုံးဓာတ်ပုံရိုက်ခံဖို့ ဘာလို့ကန့်ကွက်ခံနေရသလဲ
07-Jun-2018 tagged as


ဓာတ်ပုံဆရာ Spencer Tunick ရဲ့နာမည်ကို Google image မှာ ရိုက်ပြီးရှာကြည့်ရင် သူဟာ ဘယ်လိုအနုပညာတွေကို ဖန်တီးတဲ့သူဆိုတာ သိသွားပါလိမ့်မယ်။ စပန်ဆာ တူးနစ်ခ်ဟာ ကိုယ်တုံးလုံး မိမွေးတိုင်း ဖမွေးတိုင်း စေတနာ့ဝန်ထမ်း မော်ဒယ်လ်များစွာကိုခေါ်ယူပြီး ကမ္ဘာကျော်နေရာတွေကို နောက်ခံပြီး ဓာတ်ပုံတွေ ဖန်တီးတဲ့ အနုပညာရှင်ဖြစ်ပါတယ်။ ဆစ်ဒနေအော်ပရာရုံကြီးကို နောက်ခံထားပြီး လူပေါင်းများစွာက ကိုယ်တုံးလုံးနဲ့ ပို့စ်ပေးနေတဲ့ပုံဟာ သူ့ရဲ့ထင်ရှားတဲ့လက်ရာဖြစ်ပါတယ်။ ယခုလည်း မဲလ်ဘုန်းမြို့မှာ ဖန်တီးမယ့် သူ့ရဲ့လက်ရာအတွက် ပါဝင်ဓာတ်ပုံအရိုက်ခံပေးဖို့ စာရင်းပေးထားတဲ့ လူတစ်သောင်းလောက် ရှိပါတယ်။ ဒါပေမဲ့ အဲဒီဓာတ်ပုံရိုက်မယ့်နေရာဖြစ်တဲ့ အဆောက်အအုံ ခေါင်မိုးနေရာပိုင်ရှင် Woolworths ဆူပါမားကက်က ဓာတ်ပုံရိုက်ခွင့်ကို ငြင်းဆန်နေပါတယ်။ လူသောင်းချီပြီး သူတို့ မားကက်မှာ ကိုယ်တုံးလုံးနဲ့ ဓာတ်ပုံရိုက်မယ့်ကိစ္စကို ဖောက်သည်တွေက ကျေနပ်မယ်မထင်ဘူးလို့ ဆူပါမားကတ်က အကြောင်းပြန်ထားပါတယ်။

F-02

  • TAGS