POST TYPE

ALSO IN NEWS

သူငယ်ပြန်တို့အတွက် အယ်ဇိုင်းမားကျေးရွာ
06-Jun-2018


ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းမှာ အယ်ဇိုင်းမားကျေးရွာလို့ အမည်ပေးထားတဲ့ နေရာတစ်ခုကို တည်ဆောက်နေပြီလို့ ဒေသခံမီဒီယာတွေက ဆိုပါတယ်။ ပြင်သစ်နိုင်ငံမှာ ပထမဆုံးပြုလုပ်တဲ့  အဆိုပါစီမံကိန်းဟာ လူနာ ၁၂၀ ကို ၂၀၁၉ အကုန်မှာ စတင်လက်ခံမှာ ဖြစ်ပါတယ်။ အခန်းထဲက အိပ်ရာထဲမှာပဲ နေစရာမလိုတော့ဘဲ သွားလာလို့ရမယ့် ဖွင့်ထားတဲ့နေရာဖြစ်ပြီး အခြားကုထုံးများလည်း ပေးဦးမှာဖြစ်ပါတယ်။ နယ်သာလန်နိုင်ငံ အက်စတာဒမ်မြို့နားမှာရှိတဲ့ အလားတူ ကျေးရွာကို အားကျတုပ ဖန်တီးထားတဲ့ ပြင်သစ်က အယ်ဇိုင်းမားရွာဖြစ်ပါတယ်။ လူမှုဘဝထဲကနေ ဝေဒနာရှင်တွေ ပျောက်ကွယ်သွားတာမျိုး မဖြစ်ရလေအောင် ဖန်တီးပေးထားတယ်လို့ အာရုံကြောကျွမ်းကျင်သူ ပါမောက္ခ ယန်းဖရန်ဆွာဒါတီဂူးစ်က ပြောကြားပါတယ်။ အယ်ဇိုင်းမားနဲ့ ဆက်စပ်အတိတ်မေ့ သူငယ်ပြန် ဒီမန်ရှာဝေဒဟာ ပြင်သစ်မှာ လူတစ်သန်းကို သက်ရောက်နေပြီး နှစ်စဉ် လူနှစ်သိန်းမှာ တွေ့နေရပါသတဲ့။

F-02