News

POST TYPE

ALSO IN NEWS

ဗားမောင့်ပြည်နယ်ကို အခြေချ အလုပ်လုပ်ကိုင်သူတွေ ဒေါ်လာ ၁ သောင်းထောက်ပံ့မယ်
03-Jun-2018


အမေရိကန်ပြည်ထောင်စု ဗားမောင့်ပြည်နယ်ဟာ ခရီးသွားလာသူတွေ သဘောကျတဲ့နေရာဖြစ်ပြီး သဘာဝရှုခင်းတွေ၊ နှင်းလျှောစီးတဲ့နေရာတွေနဲ့ စိတ်ဝင်စားစရာ ပြည်နယ်ဖြစ်ပေမယ့် လူဦးရေကတော့ နည်းပါတယ်။ ဝေးလံခေါင်ဖျား ဗားမောင့်ဒေသမှာ စီးပွားရေးလုပ်၊ အလုပ်လုပ်မယ့်သူတွေကို ပြည်နယ်က ထောက်ပံ့ကြေး ဒေါ်လာတစ်သောင်း ပေးပါမယ်တဲ့။ လူငယ်တွေကို ပြည်နယ်ကို လာဖို့ ဖိတ်ခေါ်တဲ့ အဆိုပါ ကမ်းလှမ်းမှုဥပဒေကြမ်းကို ဗားမောင့်ပြည်နယ် အုပ်ချုပ်ရေးမှူး ဖီလ်စကော့တ်က လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။

“ဗားမောင့်ဟာ နှင်းလျှောစီး၊ အိမ်ချက်ဘီယာသောက်ဖို့လောက်ပဲ မဟုတ်ပါဘူး။ မိသားစုတစ်ခု တည်ထောင်ပြီး စီးပွားရေးလုပ်ငန်း စတင်ဖို့ နေရာကောင်းတစ်ခုပါ”ဟု ပြည်နယ်၏ ခရီးသွားလာရေးနှင့် အရောင်းမြှင့်တင်ခြင်း ကော်မရှင်နာ ဝင်ဒီနိုက်က ပြောကြားပါတယ်။ အဝေးက အလုပ်လာလုပ်သူကို ထောက်ပံ့ကြေးပေးမယ့် အစီအစဉ်ဟာ ရွှေ့ပြောင်းကုန်ကျစရိတ်နဲ့ အခြား ကုန်ကျစရိတ်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ အဆိုပါဥပဒေဟာ ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းမှာ စတင် အသက်ဝင်မှာ ဖြစ်ပါတယ်တဲ့။

F-02