News

POST TYPE

ALSO IN NEWS

ဗြိတိန်ရဲ့ အကြီးဆုံးမိသားစု ၂၁ ယောက်မြောက်ကလေးကို ကိုယ်ဝန်ဆောင်
02-Jun-2018


ကလေးအယောက် ၂၀ ရှိတဲ့ ဗြိတိန် က အကြီးဆုံးမိသားစုမှာ ၂၁ ဦးမြောက် ကလေးကို ထပ်ပြီး ကိုယ်ဝန်ဆောင်နေကြ ပြန်ပါပြီ။

မိခင်ဖြစ်သူနဲ့ ဖခင်ဖြစ်သူတို့ဟာ အယောက် ၂၀ မြောက် ကလေးဟာ နောက်ဆုံးပါပဲလို့ ပြောခဲ့ပေမယ့် ယခုတော့ ၂၁ ယောက် ဖြစ်သွားပါပြီ။

နောက်မွေးလာမယ့် ကလေးက မိန်းကလေး ဖြစ်ပါတယ်လို့ နိုအယ်ရက်ဒ်ဖို့ဒ်နဲ့ ဆူးရက်ဒ်ဖို့ဒ်တို့က ပြောကြားကြပါတယ်။ 

ဒါတောင် ၂၀၁၄ ခုနှစ်တုန်းက အယ်ဖီလို့ အမည်ပေးထားတဲ့ ကောင်လေးတစ်ယောက်ကို ဆုံးရှုံးခဲ့ရပါသေးတယ်။

မိသားစုဝင်အသစ် ဖြစ်လာမယ့် ကလေးဟာ အကြီးဆုံး သားသမီးထက် အနှစ် ၃၀ လောက် ငယ်ပါတယ်။

အကြီးဆုံးကလေးဟာ မစ်စစ်ရက်ဒ်ဖို့ဒ်ဖြစ်ပြီး အသက် ၁၄ နှစ်မှာ မွေးထားတာဖြစ်ပါတယ်။

F-02