POST TYPE

ALSO IN NEWS

တစ်နာရီကို ၇၂ မိုင်နှုန်းထိ မောင်းနှင်နိုင်တဲ့ ဘာဘီအရုပ်မကား
31-May-2018


ကလေးတွေမောင်းတဲ့ ဘာဘီအရုပ်မကားကို တစ်နာရီလျှင် ၇၂ မိုင်နှုန်းပြေးနိုင်တဲ့ အင်ဂျင်ပြောင်းတပ် လိုက်သူတွေကြောင့် အရုပ်မကားဟာ ပြိုင်ကားဖြစ်သွားပါတယ်။ အက်ဒ်ဝင်အိုးလ်ဒင်းနဲ့ သူ့အဖွဲ့ဟာ အဆိုပါ ကားကို ဖန်တီးပြီး YouTube ဗီဒီယိုတင်ခဲ့တာမှာ လူကြိုက်များပါတယ်။ ဟွန်ဒါဆိုင်ကယ်ရဲ့ အင်ဂျင်ကို အရုပ်ကားမှာ တပ်လိုက်တာ ဖြစ်ပါသတဲ့။ ပုတုတုပန်းရောင်ကားလေးဟာ အလွန်မြန်တဲ့ ဆိုင်ကယ်အင်ဂျင်နဲ့ ပြေးနေတာဖြစ်ပါတယ်။ ခုဆိုရင် ထိုကားဟာ တစ်နာရီကို ၇၂ မိုင်အထိ ပြေးပြနိုင်ပါပြီ။ သေချာတာကတော့ ဒီလိုကားမျိုးကို ကလေးတွေ လုံးဝ မကစားသင့်ပါဘူး။ တစ်ခါကလည်း အမေရိကန် ပြည်ထောင်စုမှာ အမျိုးသားတစ်ဦးဟာ ဈေးဝယ်လှည်းကို အင်ဂျင်တပ်ပြီး လျှောက်မောင်းခဲ့ဖူးပါတယ်။

F-02