News

POST TYPE

ALSO IN NEWS

ခွေးလေးကိုကယ်ဖို့ ဝက်ဝံနက်ကြီးကို လက်သီးဆွဲထိုးသူ
31-May-2018

အမေရိကန်ပြည်ထောင်စု မီချီဂန်ပြည်နယ်မြောက်ပိုင်းမှာ အမျိုးသားတစ်ဦးဟာ ဝက်ဝံနက်ကြီးတစ်ကောင်အား နှာနုကို ဆွဲထိုးခဲ့ပါတယ်။ သူ့ခွေးကိုရန်ပြုလာတာမို့ ဝက်ဝံကြီးကို ထိုအမျိုးသားက ကန်ကျောက်ထိုးနှက်ခဲ့တာလို့ တောရိုင်းဌာန အာဏာပိုင်များက ပြောပါတယ်။ ထိုအမျိုးသားဟာ သူ့ခွေးကို အိမ်ပြင်ထွက်လွှတ်ကျောင်းထားရင်း ဝက်ဝံကြီးက ခွေးကိုရန်ပြုခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ ခွေးကလေးဟာ ဝက်ဝံကြီးကိုဟောင်နေပြီး ဝက်ဝံကြီးကလည်း သူ့လက်သည်းနဲ့ တိုက်ခိုက်ပါတယ်။ အမျိုးသားဟာ ခွေးကို အိမ်ခြံဝင်းထဲ ဆွဲသွင်းပြီး ဝက်ဝံဝင်မလာခင် ခြံတံခါးပိတ်ဖို့ ပြင်ဆင်ပေမယ့် ခွေးကလေးကို အထဲသွင်းဖို့ အချိန်မရ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် သူဟာ ခွေးကို လုံးနေတဲ့ဝက်ဝံကြီး နောက်ဆုတ်သွားအောင် ကန်ကျောက် ထိုးနှက်လိုက်ရပါတယ်။ ဝက်ဝံကြီးရဲ့ နှာနုကို ထိုးလိုက်ရာမှာ ဝက်ဝံကြီးဟာ နာကျင်မှုကြောင့် နောက်ဆုတ်သွားစဉ် ခွေးကို အထဲဆွဲခေါ်ပြီး ခြံတံခါးကို ပိတ်လိုက်တာပါ။

F-02