News

POST TYPE

ALSO IN NEWS

နှစ် ၁၂၅သန်းက ဒိုင်နိုဆောသတ္တဝါမှာ တွယ်ကပ်တဲ့ ဗောက်ကို တွေ့ရှိ
29-May-2018


အဲဒီခေတ်က ဗောက်ပျောက်တဲ့ ခေါင်းလျှော်ရည်တွေလည်း မပေါ်သေးဘူးဆိုတော့ ဒိုင်နိုဆောလေးခမျာ ဗောက်တွေနဲ့ဖြစ်နေတာပေါ့။ လွန်ခဲ့တဲ့နှစ် ၁၂၅ သန်းတုန်းက ကမ္ဘာတစ်လွှားကို လျှောက်သွားနေတဲ့ အမွေးပါ ဒိုင်နိုဆောပေါက်စနလေး တစ်ကောင်မှာရှိတဲ့ ဗောက်ကို သုတေသနပညာရှင်များက တွေ့ရှိခဲ့ပါတယ်။ကျီးကန်းတစ်ကောင်လောက်ပဲ အရွယ်အစားရှိတဲ့ တွားသွားသတ္တဝါ ဒိုင်နိုဆောလေးရဲ့ ရုပ်ကြွင်းမှာအရေပြား ရုပ်ကြွင်း အချပ်လေးတွေကို တွေ့ရပါတယ်။ အသားစားတဲ့ အဆိုပါ ဒိုင်နိုဆောအသေးလေးဟာ ခြေလက်လေး ချောင်းရှိပြီး အတောင်ပံလည်းရှိပါသတဲ့။ အခြားငှက်မွေးပါတဲ့ ဒိုင်နိုဆော အမျိုးအစားတွေမှာလည်း အလားတူ ဗောက်တွေ တွေ့ရပါသတဲ့။ ထိုသို့နှစ်သန်းပေါင်း များစွာကြာတဲ့ အရေပြားအဖတ်လေးတွေ ရုပ်ကြွင်းကြောင့် ဒိုင်နိုဆောတွေလည်း အရေပြားကွာပြီး ဗောက်ထွက်ကြောင်း သိရှိရပါတယ်။

F-02