News

POST TYPE

ALSO IN NEWS

ဘဲပေါက်ကလေးတွေကို စောင့်ရှောက်ပေးနေတဲ့ ခွေးထီးလေး
27-May-2018


လက်ဘရာဒေါခွေးအမျိုးအစား ခွေးထီးလေးတစ်ကောင်ဟာ ဘဲပေါက်ကလေး ကိုးကောင်ကို သူတို့ မိခင်ပျောက်သွားပြီးနောက်မှာ ပြုစုစောင့်ရှောက်ပေးနေပါတယ်။ ဖရက်ဒ်လို့ အမည်ရတဲ့ ၁၀ နှစ်သားအရွယ် ခွေးလေးဟာ ဖခင်တစ်ယောက်သဖွယ် ဘဲပေါက်လေးတွေကို စောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။ အင်္ဂလန်နယ် အက်ဆက်ဒေသအနီးက ခရီးသွားဧည့်သည်များ လာရောက်ရာ ရဲတိုက်အနီးနားမှာ ဘဲကလေးကိုးကောင်နဲ့ ခွေးကလေးတို့ရဲ့ သံယောဇဉ်ဇာတ်လမ်း ဖြစ်နေတာပါ။ ဘဲကလေး ကိုးကောင်ဟာ မိခင်မဲ့သွားချိန်မှာ အနီးအနား ဝန်ထမ်းတွေက စိတ်ပူခဲ့ကြပေမယ့် ခွေးကလေးဖရက်ဒ်က လိုက်လံစောင့်ရှောက်နေတာကို ဝမ်းမြောက်ဖွယ် တွေ့ရပါတယ်။ ဘဲကလေး ကိုးကောင်ဟာ ခွေးကလေးရဲ့ ကိုယ်ပေါ်ကိုတက်စီးပြီး လိုက်ပါတဲ့အထိ ရင်းနှီးကြပါတယ်။ ခေတ်ကြီးမှာ ဘယ်လောက်ပဲ သတ္တဝါတွေ၊ လူသားတွေ အမုန်းပွား ပဋိပက္ခဖြစ်ကြပေမယ့် အချို့ သတ္တဝါလေးတွေကတော့ မေတ္တာအပြည့်နဲ့ အပြန်အလှန် စောင့်ရှောက်နေကြတာလည်း ရှိပါတယ်။  

F-02