News

POST TYPE

ALSO IN NEWS

အများပြည်သူသုံးရေကူးကန်ကို ပုံမှန် လာရောက်ရေကူးတဲ့ တောမျောက်
26-May-2018


အိန္ဒိယနိုင်ငံက ရေကူးကန်တစ်ခုကို ပုံမှန် ရေလာလာကူးလေ့ရှိတဲ့ ဧည့်သည်တစ်ယောက်ကို ရေကူးသူတစ်ဦးက မှတ်တမ်းတင်ဗီဒီယို ရိုက်ကူးခဲ့ပါတယ်။

လူတွေမွေးမြူထားတဲ့ တိရစ္ဆာန် မျောက်တစ်ကောင်မဟုတ်ဘဲ၊ တောထဲမှာနေတဲ့ မျောက်တစ်ကောင်က ရေကူး အားကစား လာလာလေ့ကျင့်တာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ ပြွန်းမြို့က ချာတြာပါတီ ရှာဟူမဟာရက်ဂ်ျ ရေကူးကန်ကို အဆိုပါ မျောက်ကလေးက ရေလာကူးနေတာ ဖြစ်ပါတယ်။

မေလရဲ့ အပူချိန်ကို ရှောင်တဲ့အနေနဲ့ မျောက်ကလေးက ရေကူးနေတာ ဖြစ်နိုင်ပါတယ်။ရေကူးသူ လူတွေကြားထဲမှာပဲ ခပ်တည်တည်နဲ့ ရေလာလာကူးတာ ဖြစ်ပါတယ်။

ဗီဒီယိုထဲမှာတော့ မျောက်ကလေးဟာ ရေကူးလိုက် ရေကူးကန်ဘေးမှာ ထိုင်နားလိုက်နဲ့ တော်တော် အလုပ်ဖြစ်နေပါတယ်။

နေ့ခင်းပိုင်း လူရှင်းတဲ့အချိန်ကိုရွေးပြီး အဆိုပါ မန်းကီးမိုက်ကယ်ဖဲက လာပြီးရေကူးတာ ဖြစ်ပါတယ်။

F-02