News

POST TYPE

ALSO IN NEWS

ထပ်ခိုးက ဖိနပ်ဘူးထဲ တွေ့ရတဲ့ကြွေအိုး ဒေါ်လာသန်းဝက်ခန့် တန်ဖိုးရှိ
24-May-2018 tagged as


ပြင်သစ်နိုင်ငံက နေအိမ်တစ်အိမ်ရဲ့ ဖိနပ်ဘူးထဲက ထွက်လာတဲ့ ကြွေအိုးတစ်အိုးဟာ တရုတ်ရှေးဟောင်း ကြွေအိုးဖြစ်နေပြီး ဒေါ်လာငါးသိန်းခန့် တန်ကြေးရှိနေတာကို သိလိုက်ရပါတယ်။ အဆိုပါ ရှေးဟောင်းပစ္စည်းကို Sotheby လေလံပွဲမှာ လာမယ့်လပိုင်းမှာ လေလံတင်မှာဖြစ်ပါတယ်။ ကြွေအိုးဟာ ၁၈ ရာစုကွင်မင်းဆက်ကဖြစ်ပြီး အနည်းဆုံး ဒေါ်လာငါးသိန်းကစမှာ ဖြစ်ပါတယ်။ အဆိုပါ ပစ္စည်းကိုတွေ့ရှိသူဟာ အခြား တရုတ်ပစ္စည်း ပစ္စယများနဲ့အတူ ရောနေပြီးတွေ့ရှိရတာ ဖြစ်ပါသတဲ့။

“ကျွန်တော်တို့ဟာ ဒီအိုးကို မကြိုက်ပါဘူး။ ကျွန်တော်တို့ အဖိုးလည်း မကြိုက်ပါဘူး”လို့ လေလံကုမ္ပဏီနဲ့ တွဲဖက် အလုပ်လုပ်နေတဲ့ ပိုင်ရှင်ဖြစ်သူက ပြောကြားပါတယ်။ သမင်ပုံများ၊ ကြိုးကြာပုံများနဲ့ သရုပ်ဖော်ထားတဲ့ လှပတဲ့ ရှေးဟောင်း ကွင်မင်းဆက်ကြွေအိုးဖြစ်ပါတယ်။

F-02

  • TAGS