News

POST TYPE

ALSO IN NEWS

စက်ဘီးအားကစားသမားများနဲ့ ပြိုင်ပြေးတဲ့ မြင်းတွေ
24-May-2018


ဩစတြေးလျစက်ဘီးပြိုင်ဘီးရဲ့ နောက်မှာတပ်ထားတဲ့ ကင်မရာကနေ မြင်တွေ့လိုက်ရတာကတော့ စက်ဘီးသမားတွေမှာ ပြိုင်ဘက်အသစ် ရှိနေပါပြီ။ ဒါကတော့ လွတ်လာတဲ့ မြင်းနှစ်ကောင်ပဲဖြစ်ပါတယ်။ စက်ဘီးတွေနောက်ကို ပြေးလိုက်ပြီး ရအောင်ကျော်တက်နေကြတာ ဖြစ်ပါတယ်။ ဩစတြေးလျနိုင်ငံ ဝိတိုရိယပြည်နယ် အဝေးပြေးလမ်းမှာ စက်ဘီးသမားများ အုပ်စုဖွဲ့ စီးလာတုန်း ယခုလို မြင်းတွေက လိုက်ပြိုင်တာဖြစ်တယ်လို့ စက်ဘီးစီးအဖွဲ့ဝင်တစ်ယောက်ရဲ့သားဖြစ်သူက ပြောပြပါတယ်။ စက်ဘီးသမား ကွင်တန်မာဖီရဲ့ နောက်ကနေ တပ်ထားတဲ့ကင်မရာမှာ အဆိုပါမြင်းတွေ ပေါ်လာတာ ဖြစ်ပါတယ်။ နောက်တော့ မြင်းတွေရဲ့ လေ့ကျင့်သင်ကြားပေးသူ ရောက်လာပြီး ပြန်ခေါ်သွားပါတယ်။ ဗီဒီယိုထဲမှာတော့ မြင်းတွေဟာ အချို့စက်ဘီးများကို အောင်မြင်စွာ ကျော်တက်သွားခဲ့ပါတယ်။

F-02