News

POST TYPE

ALSO IN NEWS

Fiat 500 ကားကို စကျင်ကျောက်ရုပ်ထုနေတဲ့ အီတလီပန်းပုဆရာ
24-May-2018 tagged as


အီတလီနိုင်ငံဟာ ရောမ ခေါမခေတ်တွေကတည်းက စကျင်ကျောက်ရုပ်တုကြီးတွေကြောင့် ထင်ရှားကျော်ကြားခဲ့ပါတယ်။ ယခုခေတ်ပြိုင် အနုပညာရှင်တွေအထိ စကျင်ကျောက်ကို သုံးပြီးတော့ အနုပညာ ပန်းပုရုပ်တွေ ဖန်တီးသူတွေရှိနေဆဲပါ။ တူရင်မြို့အခြေစိုက် ပန်းပုအနုပညာရှင် လူငယ်တစ်ဦးဟာ ၁၅ တန်လောက်လေးတဲ့ အဖြူရောင် စကျင်ကျောက်တုံးကို သုံးပြီးတော့ ဖိယက်ကားတစ်စီးပုံစံ ထွင်းထုမှာပါ။ လက်ရှိ စားသုံးသူပဓာနခေတ်မှာ သုံးပြီးသားကို လွှင့်ပစ်တဲ့ အလေ့အထကို သူက ဝေဖန်တဲ့အနေနဲ့ အဆိုပါ အနုပညာကို ဖန်တီးတာဖြစ်ပါသတဲ့။ နာဇာရီနိုဘီရွန်ဒိုဟာ သူ့ရဲ့ဆောက်လက်နက်ကိုသုံးပြီး ဖြည်းဖြည်းချင်း ဖန်တီးနေပါတယ်။ အီတလီမှာ စစ်ပြီးခေတ်ထုတ်ခဲ့တဲ့ အဆိုပါဖိယက်ကား အမျိုးအစားကို ပြန်လည်ပြသတာ ဖြစ်ပါတယ်။ သူ့ရဲ့ အကြီးဆုံးလက်ရာ ဖြစ်လိမ့်မယ်လို့ ပန်းပုဆရာနာဇာရီနိုဘီရွန်ဒိုက ဆိုပါတယ်။

F-02

  • TAGS