News

POST TYPE

ALSO IN NEWS

လှောင်အိမ်ထဲက လွတ်သွားတဲ့ မျောက်တက္ကဆက်လေဆိပ်ထဲလျှောက်ပြေး
22-May-2018 tagged as


တက္ကဆက်ပြည်နယ်က လေဆိပ်တစ်ခုထဲမှာ လှောင်အိမ်ထဲက လွတ်သွားတဲ့မျောက်တစ်ကောင် လျှောက်ပြေးနေတာမို့ မနည်းပြန်ဖမ်းလိုက်ရတယ်လို့ အမေရိကန်လေကြောင်းလိုင်း အရာရှိတွေက ပြောကြားကြပါတယ်။ အဆိုပါမျောက်ကို မေ့ဆေးသေနတ်နဲ့ပစ်ခဲ့ရပြီး လှောင်အိမ်ထဲကို ပြန်ထည့်ခဲ့ရပါတယ်။ ဆန်အန်တိုနီယို အပြည်ပြည်ဆိုင်ရာ လေဆိပ်ထဲမှာ မျောက်ကလေးဟာ အချိန် ၂ နာရီကြာအောင် လျှောက်ပြေးနေခဲ့တယ်လို့ သတင်းများက ဖော်ပြထားပါတယ်။ အဆိုပါ မျောက်ကလေးကို ချီကာဂိုက ပို့လိုက်တာဖြစ်ပြီး ယခုအခါ ဒေသတိရစ္ဆာန်ဘေးမဲ့တောတစ်ခုမှာ လွှတ်ပေးလိုက်ပြီလို့ ဆိုထားပါတယ်။ ဒါဝင်လို့ အမည်ပေးထားတဲ့ မျောက်ကလေးဟာ ဘရောင်းတက္ကသိုလ်ကနေ ပို့လိုက်တာဖြစ်တယ်လို့ သတင်းများက ဖော်ပြထားပါတယ်။ ခရီးသွားရတဲ့ဒဏ်ကြောင့် မျောက်ကလေးဟာ စိတ်ဖိစီးပြီး ထွက်ခွာသွားတာ ဖြစ်မယ်လို့တာဝန်ရှိသူတွေက မှတ်ချက်ပြုကြပါတယ်။
F-02

  • TAGS