News

POST TYPE

ALSO IN NEWS

အလုပ်အလိုရှိသည် ဆိုင်းဘုတ်ဖြင့် အလုပ်ရှာသူ အလုပ်ရပြီ
21-May-2018


ဩစတြေးလျ အမျိုးသားတစ်ဦးဟာ အလုပ်ဘယ်လိုမှ ရှာမရအောင် အခက်အခဲ တွေ့နေပေမယ့် ထိုင်မနေဘဲ တစ်ခုခု လုပ်ခဲ့ပါတယ်။ ကျွန်တော် အလုပ်လိုနေပါတယ်ဆိုတဲ့ စာတမ်းနဲ့ စိတ်မလျှော့တမ်း အလုပ် လိုက်ရှာခဲ့ပါတယ်။ သူ့ရဲ့လုပ်ရပ်က အကျိုးပေးပါတယ်။ အင်တာနက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီးတော့ ခုတော့ အလုပ်ရသွားပါပြီတဲ့။ မော်တန်ဂျော်ဂန်ဆန်ဟာ အသက် ၅၃ နှစ်ရှိပြီဖြစ်ပြီးတော့ အလုပ်မရှိတာ ၂ နှစ်တောင်ကြာခဲ့ပြီလို့ ဆိုပါတယ်။ ဆောက်လုပ်ရေးပစ္စည်းဆိုင်ရှေ့မှာ ရပ်ပြီးတော့ အလုပ်လိုတယ်ဆိုတဲ့ ဆိုင်းဘုတ်နဲ့ သီတင်းပတ်ပေါင်း များစွာ အလုပ်ရှာခဲ့ပါတယ်။ နေအိမ်ခြံစည်းရိုး တည်ဆောက်တဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်ရသွားခဲ့ပါပြီ။ အလုပ်လိုချင်စိတ်ရှိသူတွေ စိတ်ဓာတ်မကျပါနဲ့။

F-02